၀မ်းတွင်းမှာ စစ်ကားမိုင်းဆွဲခံရပြီး စကစတွေ အသေအပျောက်များနိုင်၊ မိုင်းဆွဲခံရတဲ့ စကစတွေ ကားမောင်းပြေးပြီး လမ်းဘေးက ပြည်သူတစ်ဦးကို ပစ်သတ်၊

၀မ်းတွင်းမှာ စစ်ကားမိုင်းဆွဲခံရပြီး စကစတွေ အသေအပျောက်များနိုင်၊ မိုင်းဆွဲခံရတဲ့ စကစတွေ ကားမောင်းပြေးပြီး လမ်းဘေးက ပြည်သူတစ်ဦးကို ပစ်သတ်၊

MFP ၊ သြဂုတ် - ၁၃

မန္တလေးတိုင်း မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ် ဘုရားစုရွာအနီးမှာ ဒီမနက် (၉)နာရီဝန်းကျင်က အကြမ်းဖက် စစ်အုပ်စုရဲ့ ကားနှစ်စီး မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခံရပြီး စကစတွေ အသေအပျောက် များနိုင်တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

“စစ်ကားနှစ်စီး ပဒေသာမိုင်း အဆွဲခံရတာ ဟုတ်တယ်။ အသေးစိတ်တော့ မသိရသေးဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီနေ့ သြဂုတ်(၁၃)ရက် မနက်(၉)နာရီဝန်းကျင်က ရန်ကုန်- မန္တလေး လမ်းဟောင်း၊ ဝမ်းတွင်းမြို့နယ်၊ ဘုရားစုရွာနှင့် ဒိုင်ကောင်းကုန်းရွာကြားမှာ စကစတွေ အပြည့်လိုက်ပါလာတဲ့ စစ်ကားအကြီး နှစ်စီး မိုင်းဆွဲ ခံရတာဖြစ်ပြီး စကစတွေ အသေအပျောက် များနိုင်ကြောင်းနှင့် မိုင်းဆွဲခံရတဲ့နေရာကို လူနာတင်ကားတွေ သွားတာ တွေ့နေရတယ်လို့ ဝမ်းတွင်းအသံ - VOW ကလည်း ဖော်ပြပါတယ်။

“ဒိုင်ဂေါင်းကုန်းရွာ တောင်ဘက်အထွက် ရန်ကုန် - မန္တလေး လမ်းဟောင်းတွင် ခွေးကားအကြီး နှစ်စီး ခွေးအပြည့် ပဒေသာ မိုင်းအဆွဲခံရ။ အသေအပျောက်များနိုင်သည်။ လူနာတင်ကားတွေနဲ့ ညံပွက်နေပါတယ်။ ဒုန်းမောင်းပြေးရင် ပစ်သွားသည်ဟုသိရ” လို့ VOW က ဖော်ပြပါတယ်။

မိုင်းဆွဲခံရတဲ့ စစ်အုပ်စုဟာ မောင်းပြေးရင်းနဲ့ ဘုရားစုရွာအနီး ကားလမ်းဘေးမှာ သွားလာနေတဲ့ ပြည်သူတစ်ဦးကို ပစ်သတ်သွားတယ်လို့ VOW က ဖော်ပြပြီး သေဆုံးသူနှင့် ပတ်သက်တဲ့ အသေးစိတ် အချပ်အလက်တွေကိုတော့ မသိရသေးပါဘူး။

စစ်အုပ်စုဟာ သူတို့ တိုက်ခိုက်ခံရချိန် အနီးဝန်းကျင် ရွာတွေက ပြည်သူတွေကို ရန်ပြု သောင်းကျန်း လုယက် အကြမ်းဖက်လေ့ ရှိတာကြောင့် ပြည်သူတွေ သတိထားကြဖို့ အချင်းချင်း သတိပေးနေပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ဝမ်းတွင်း #မိုင်း #ဘုရားစုရွာ #ကား #ပြည်သူ 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ