ပြည်သူကို မိုက်ကြေးခွဲနေတဲ့ မကွေးတိုင်း ယာဉ်ထိန်းရဲမှူးကို သုတ်သင်ရှင်းလင်း

ပြည်သူကို မိုက်ကြေးခွဲနေတဲ့ မကွေးတိုင်း ယာဉ်ထိန်းရဲမှူးကို သုတ်သင်ရှင်းလင်း

MFP၊ အောက်တိုဘာ - ၁၅

စစ်ကောင်စီ သစ္စာခံ ယာဉ်ထိန်းရဲမှူးအဖြစ် ဆက်လက် လုပ်ကိုင်နေပြီး ပြည်သူကို လက်နက်ပြ မိုက်ကြေးခွဲ၊ ဖမ်းဆီးငွေညှစ်နေတဲ့ မကွေးတိုင်း ယာဉ်ထိန်းရဲဖွဲ့မှူးရုံးက ရဲမှူးစိန်ဝင်းဆိုသူကို မြေအောက်တော်လှန်ရေး အဖွဲတစ်ခုက ပစ်ခတ်သုတ်သင် ရှင်းလင်းလိုက်တယ်လို အဲဒီအဖွဲနဲ့နီးစပ်တဲ့ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

မနေ့ အောက်တိုဘာ (၁၄)ရက် ည(၇)နာရီခွဲက မကွေးတိုင်း ယာဉ်ထိန်းရုံးထဲက ထွက်လာပြီး အဝေးပြေးဝင်းဘက် ကွမ်းထွက်ဝယ်တဲ့ ယာဉ်ထိန်းရဲမှူး စိန်ဝင်းကို သေနတ်နဲ့ လေးချက် ပစ်ခတ်ခဲ့ပြီး ရဲရုံးရှေ့မှာတင် ပွဲချင်းပြီး သေတယ်လို့ ဆိုပါတယ်။

အဲဒီ ယာဉ်ထိန်းရဲမှူး စိန်ဝင်းဟာ အဝေးပြေးယာဉ်လိုင်းတွေနဲ့ ကုန်စည်ပိုဆောင်ရေးယာဉ်တွေထံကကိုယ်တိုင် ဆက်ကြေးကောက်လေ့ရှိပြီး စစ်အုပ်စုကို ငွေရှာပေးနေသူတစ်ဦး ဖြစ်တယ်လို့ ဆိုပါတယ်။

"သူက အဲ့ ကားဂိတ်မှ ာထိုင်ပြီး ဆက်ကြေး ကောက်နေကြပါ။ အဓိက က တိုင်းရဲမှူးဖြစ်လို့ပါ။ ပလန်အရ ခေါင်တွေကြီးဆော်ဖို ပထမအဆင့်ပါ"လို ယာဉ်ထိန်းရဲမှူး စိန်ဝင်းကို သုတ်သင်ခဲ့တာနဲ့ ပတ်သက်ပြီး တော်လှန်ရေးရဲဘော်တစ်ဦးက ရှင်းပြပါတယ်။

ယာဉ်ထိန်းရဲမှူးစိန်ဝင်းဟာ သေနတ်နဲ့ပစ်ခတ်ခံရချိန်မှာ ချက်ချင်းမသေသေးဘဲ ရဲရုံးရှေ့နားရောက်အောင် တွားသွားခဲ့ပေမယ့် ပစ်ခတ်မှုဖြစ်ချိန်မှာ ရဲစခန်းခြံဝင်းတံခါး ပိတ်လိုက်တာကြောင့် အထဲထိမဝင်နိုင်ဘဲ ရုံးရှေ့တင် သေဆုံးသွားတာ ဖြစ်တယ်လို အဲဒီ ရဲဘော်က ဆက်ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပွားပြီးတဲ့နောက် စစ်အုပ်စု ရောက်လာပြီး လမ်းပိတ်ကာ ပြည်သူတွေကို အော်ဟစ်ဆဆြို ရန်ပြု သောင်းကျန်းနေတယ်လို့ ဆိုပါတယ်။

နိုင်ငံတဝန်းမှာ စစ်ကောင်စီ သစ္စာခံ ယာဉ်ထိန်းရဲတွေက လက်နက်ပြပြီး ပြည်သူကို ဥပဒေမဲ့ ဖမ်းဆီး ငွေညှစ် မိုက်ကြေးခွဲတာတွေ ထင်တိုင်းကျဲ ကျူးလွန်နေတာ ဖြစ်ပါတယ်။

မန္တလေးမြို့ပေါ်မှာ လက်နက်ကိုင်ပြီး ပြည်သူကို မိုက်ကြေးခွဲနေတဲ့ ယာဉ်ထိန်းတစ်ယောက်/Photo - MDY Revolution

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မကွေး #ယာဉ်ထိန်

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ