တန့်ဆည်မှာ ပျူခေါင်းဆောင် အိမ်ကို တိုက်ခိုက်ရာ ပျူ ခုနှစ်ယောက်သေ၊ ပြည်သူ့ရဲဘော် နှစ်ဦး ဒဏ်ရာရ၊

တန့်ဆည်မှာ ပျူခေါင်းဆောင် အိမ်ကို တိုက်ခိုက်ရာ ပျူ ခုနှစ်ယောက်သေ၊ ပြည်သူ့ရဲဘော် နှစ်ဦး ဒဏ်ရာရ၊

MFP ၊ သြဂုတ် - ၁၄

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် အင်္ကုက္ကားရွာက ပျူစောထီး ခေါင်းဆောင်ရဲ့ နေအိမ်ကို ဒရုန်းနဲ့ ဗုံးထု တိုက်ခိုက်ရာက နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ပျူ ခုနှစ်ယောက် သေ၊ အများအပြား ဒဏ်ရာရကာ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေဘက်ကလည်း ပြည်သူ့ရဲဘော် နှစ်ဦး ဒဏ်ရာရတယ်လို့ တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ - ပကဖ က သတင်း ထုတ်ပြန်ပါတယ်။

ဒီနေ့ သြဂုတ်(၁၄)ရက် မနက်(၈)နာရီကျော်က တန့်ဆည်မြို့နယ် အင်္ကုက္ကားရွာရဲ့ အရှေ့မြောက်ဘက်က ပျူခေါင်းဆောင်ရဲ့ နေအိမ်ကို ရွှေဘိုခရိုင် PDF တပ်ရင်း(၆)၊ တန့်ဆည် ပကဖ ၊ KPK နှင့် ဒေသကာကွယ်ရေး မဟာမိတ်တပ်တွေ ပူးပေါင်းပြီး သွားရောက် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ပျူစောထီးခေါင်းဆောင် နေအိမ်စခန်းကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ပါသည်။ ဗုံးသီးချခြင်းကြောင့် ထွက်ပြေးသော စခပျူများကို တပ်ရင်း(၆) ဦးဆောင်၍ ပကဖ ရဲဘော်များ နှင့်အတူ ပစ်ခတ် တိုက်ခိုက်ခဲ့ပါသည်။ တိုက်ပွဲတွင် စခပျူ ခုနှစ်ကောင်သေဆုံးပြီး မိမိတို့ တပ်ရင်း (၆)မှ ရဲဘော်နှစ်ဦး လက်နက်ကြီး ထိမှန်ကာ ဒါဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ပါသည်” လို့ တန့်ဆည် ပကဖ က ဖော်ပြပါတယ်။

အင်္ကုက္ကားရွာ အပါအဝင် တန့်ဆည်နယ်ထဲက ကျေးရွာတချို့က ပျူတွေဟာ စစ်အုပ်စုနှင့် ပေါင်းပြီး လက်နက်အားကိုးနှင့် ရွာစဉ်ပတ်မွှေ လုယက် ဓားပြတိုက် သောင်းကျန်း သ-တ်-ဖြတ် နေတာ ဖြစ်ပြီး ဒေသကာကွယ်ရေး တပ်ဖွဲ့တွေကလည်း တန့်ဆည်နယ်ထဲ သောင်းကျန်းနေတဲ့ စကစနဲ့ ပျူတွေကို ပြောက်ကျားနည်းနဲ့ တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

တန့်ဆည်နယ်ထဲ သောင်းကျန်းနေတဲ့ စစ်အုပ်စုကို ခုခံတိုက်ခိုက်နေတဲ့ ဒေသကာကွယ်ရေး ရဲဘော်တချို့/Photo – CJ

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #တန့်ဆည် #အင်္ကုက္ကား #ရွာ #ပျူ #ပကဖ #PDF

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ