ကန့်ဘလူနယ် ကာဘိုးရွာ စစ်ဆေးရေးဂိတ်ကို စီးနင်းတိုက်ခိုက်၊ စကစ လေးယောက် သေဟုဆို၊

ကန့်ဘလူနယ် ကာဘိုးရွာ စစ်ဆေးရေးဂိတ်ကို စီးနင်းတိုက်ခိုက်၊ စကစ လေးယောက် သေဟုဆို၊

MFP ၊ စက်တင်ဘာ - ၄

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ကာဘိုးကျေးရွာ အနောက်ထိပ်မှာ စစ်ဆေးရေးဂိတ်ဖွင့်ပြီး ပြည်သူကို ဖမ်းဆီးငွေညှစ် သောင်းကျန်းနေတဲ့ စစ်အုပ်စုကို မနေ့က နေ့လည်ပိုင်းမှာ တန့်ဆည်နယ်က ဒေသကာကွယ်ရေး တပ်တွေ စုပေါင်းပြီး သွားရောက် တိုက်ခိုက်ခဲ့ရာ စကစ လေးယောက် သေတယ်လို့ တန့်ဆည်ဖီးနစ် တပ်ဖွဲက သတင်း ထုတ်ပြန်ပါတယ်။

စက်တင်ဘာ(၃)ရက် နေ့လည်(၁၂)နာရီက စကစနဲ့ ပျူ (၁၅)ယောက် ရှိနေတဲ့ ကာဘိုးရွာ စစ်ဆေးရေးဂိတ်ကို ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက ရဲဘော် (၂၅)ဦးနဲ့ သွားရောက် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ပူပေါင်းအင်အား (၂၅)ဦးမှ (40MM) နှစ်လုံး၊ (5.56)ကျည် (၅၀)တောင့်၊ (7.62)ကျည် (၃၂)တောင့်၊ ခါးချိုးကျည် ငါးတောင့် အသုံးပြု၍ တိုက်ခိုက်ခဲ့ရာ စကစ လေးဦးသေဆုံး၊ ခြောက်ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း” လို့ တန့်ဆည် ဖီးနစ် တပ်ဖွဲ့က ဖော်ပြပါတယ်။

ကာဘိုးရွာက စစ်အုပ်စုရဲ့ စစ်ဆေးရေးဂိတ်ကို တန့်ဆည်ဖီးနစ် (တန့်ဆည် PDF အမှတ်(၇)တပ်ရင်း)က ကိုမိုးဟိန်း ဦးစီးပြီး အက်တော(ပလဖ)၊ မြောက်ပိုင်းမဟာမိတ် (ဓူဝံ) တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

လက်ရှိမှာ စစ်အုပ်စုက ပျူတွေနှင့် ပေါင်းပြီး ကန့်ဘလူနယ်ထဲ ဂိတ်တွေဖွင့်ကာ ပြည်သူတွေကို ဖမ်းဆီးငွေညှစ် ရန်ပြု သောင်းကျန်းနေတယ်လို့ ဒေသကာကွယ်ရေးတပ်တွေ့ ဆိုပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #တန့်ဆည် #ကန့်ဘလူ #ကာဘိုးရွာ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ