MFP ၊ စက်တင်ဘာ - ၇
မန္တလေးမြို့ မဟာအောင်မြေမြို့နယ် လမ်း(၈၀)ပေါ်မှာ မနေ့က ညပိုင်းက အုပ်စုဖွဲ့ ဓားထိုးမှုဖြစ်ပြီး အထိုးခံရသူ ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စက်တင်ဘာလ (၆)ရက် ည (၁၀)နာရီခန့်အချိန်က လမ်း (၈၀)နဲ့ (၄၁)လမ်းထောင့်အနီးက လက်ဖက်ရည်ဆိုင်ရှေ့မှာ လမ်းလျှောက်ပြန်လာတဲ့ လူငယ်နှစ်ယောက်ကို လူငါးယောက်ခန့်ပါတဲ့အဖွဲ့နဲ့ တွေ့ဆုံပြီး စကားများကြချိန် အဖွဲ့နဲ့လာသူထဲက တစ်ယောက်က ဓားနဲ့ထိုးခဲ့တာလို့ ဆိုပါတယ်။
ဓားနဲ့အထိုးခံရသူဟာ အသက် (၁၉)နှစ်အရွယ် ပေါင်ချိန် (ခ) ဝေယံအောင်ဖြစ်ပြီး ဝဲနံဘေး ထိုးသွင်းဒဏ်ရာ ရရှိကာ လက်ဖက်ရည်ဆိုင်ထဲ ဝင်ပြေးချိန် သေဆုံးသွားခဲ့တာဖြစ်တယ်လို့ သတင်းရင်းမြစ်အချို့က ဆိုပါတယ်။
ဓားနဲ့ထိုးသူတွေဟာ ဘယ်သူတွေလဲဆိုတာကိုတော့ မသိရသေးပါဘူး။
မန္တလေးမြို့မှာ နေ့အချိန် သွားလာသူတွေကို ဓားထိုးလုယက်မှုတွေဖြစ်ပွါးနေပြီး ညပိုင်းမှာ ပိုမိုဂရုစိုက် သွားလာသင့်တယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။
ပုံစာ၊ ဓားထိုးမှုဖြစ်ပွါးတဲ့နေရာကို google maps မှတစ်ဆင့် တွေ့ရစဉ်။
#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အုပ်စုဖွဲ့ဓားထိုးမှုဖြစ် #ပွဲချင်းပြီးသေဆုံး
မန္တလေးမှာ အုပ်စုဖွဲ့ ဓားထိုးမှုဖြစ်ပြီး အထိုးခံရသူ ပွဲချင်းပြီးသေ
Featured
သြဂုတ်လ 25, 2024
သြဂုတ်လ 17, 2024
ဇွန်လ 23, 2024