ပုလဲနှင့် မြိုင်နယ်စပ်မှာ ဖက်ဆစ်တပ်က ရဟတ်ယာဉ်နဲ့ အင်အား (၁၀၀)ကျော် ချထားပြီး မွှေနေ၊ PRA က ချောင်းမြောင်းတိုက်ခိုက်လို့ စကစတွေ အသေအပျောက်ရှိ၊

ပုလဲနှင့် မြိုင်နယ်စပ်မှာ ဖက်ဆစ်တပ်က ရဟတ်ယာဉ်နဲ့ အင်အား (၁၀၀)ကျော် ချထားပြီး မွှေနေ၊ PRA က ချောင်းမြောင်းတိုက်ခိုက်လို့ စကစတွေ အသေအပျောက်ရှိ၊

MFP ၊ သြဂုတ် - ၂၂

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်နှင့် မကွေးတိုင်း မြိုင်မြို့နယ်အစပ်က ကျေးရွာတွေထဲ ဖက်ဆစ်တပ်က ရဟတ်ယာဉ်တွေနဲ့ အင်အား (၁၀၀)ကျော် ချထားကာ ရွာစဉ်ပတ်မွှေ လုယက် သောင်းကျန်းနေလို့ ထောင်သောင်းချီတဲ့ ပြည်သူတွေ ထွက်ပြေး နေရတယ်လို့ ပြည်သူ့တော်လှန်ရေး တပ်မတော် - People Revolution Army (PRA) က သတင်း ထုတ်ပြန်ပါတယ်။

သြဂုတ်(၂၀)ရက် နေ့လည်ပိုင်းက စတင်ပြီး ဖက်ဆစ်တပ်ဟာ PRA လှုပ်ရှားနယ်မြေဖြစ်တဲ့ ပုလဲနှင့် မြိုင်နယ်စပ်မှာ ရဟတ်ယာဉ် လေးစီးနဲ့ အင်အား (၁၀၀)ကျော် ချထားကာ မွှေနှောက် သောင်းကျန်း နေတာ ဖြစ်ကြောင်းနှင့် အဲ့ဒီ ဖက်ဆစ်တပ်ကို PRA က မနေ့က နေ့လည်ပိုင်းအချိန် ချောင်းမြောင်း တိုက်ခိုက်ခဲ့ရာမှာ စကစ တစ်ယောက်သေပြီး နှစ်ယောက် ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။

“PRA တပ်မတော်မှ သြဂုတ်(၂၁)ရက် နေ့လည်(၁)နာရီခွဲတွင် လေယာဉ်ပေါ်မှ ဆင်းလာသော စကစ စစ်ကြောင်းကို လက်ဦးမှု ယူကာ ချောင်းမြောင်း ကျွေး‌မွေး ခဲ့သောကြောင့် စကစ တစ်ကောင် သေပြီး နှစ်ကောင် မသေမရှင် ဖြစ်သွားခဲ့သည်။ PRA တပ်မတော် မှ ရဲဘော် တစ်ဦးလည်း ဒါဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်” လို့ PRA တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်၈ျပန်က ဆိုပါတယ်။

လက်ရှိမှာ ပုလဲမြို့နှင့် မြိုင်မြို့နယ်အစပ်က ကျေးရွာတေါထဲ ဖက်ဆစ်တပ် ဝင်မွှေလုယက် သောင်းကျန်းနေလို့ ကျေးရွာ ရှစ်ရွာက ပြည်သူ (၄၀၀၀)ခန့် စစ်ပြေးနေရပြီး စားသောက်နေထိုင်ရေး အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

ယခုရက်ပိုင်းအတွင်း ပုလဲနှင့် မြိုင်နယ်မှာသာမက မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်း နေရာအနှံ့မှာ ဖက်ဆစ်တပ်က ကုန်းကြောင်း၊ လေကြောင်း၊ ရေကြောင်းတွေ အသုံးပြုပြီး ရွာစဉ်ပတ်တွေ လုယက်သောင်းကျန်း သ-တ်ဖြတ် မီးရှို့နေတာကြောင့် ထောင်သောင်းချီတဲ့ ပြည်သူတွေ ထွက်ပြေးနေရပါတယ်။

ဖက်ဆစ်တပ်ကို ခုခံတိုက်ခိုက်နေတဲ့ PRA ရဲဘော်တချို့/Photo – PRA

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မကွေး #မြိုင် #ပုလဲ #PRA #ပြည်သူ #စစ်ပြေး

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ