၅/အရာတော်၊ ဘုတလင်နှင့် မုံရွာ သပိတ်တွေ စုပေါင်းပြီး ဖက်ဆစ်တပ် အမြစ်ဖြတ်ရေး ချီတက်ဆန္ဒပြ၊

၅/အရာတော်၊ ဘုတလင်နှင့် မုံရွာ သပိတ်တွေ စုပေါင်းပြီး ဖက်ဆစ်တပ် အမြစ်ဖြတ်ရေး ချီတက်ဆန္ဒပြ၊

MFP ၊ အောက်တိုဘာ - ၁၆

Photo - Rebels Of Middle

၅/ဘတလ၊ ၅/အရတနှင့် ၅/မရန (အရာတော်၊ ဘုတလင်နှင့် မုံရွာ) သုံးမြို့နယ်ပေါင်း ကျောင်းသားလူထု ပူးပေါင်း သပိတ်စစ်ကြောင်းဟာ "ထကြွတော်လှန် ကျောင်းသားထု အားမာန်" ဆိုတဲ့ ကြွေးကြော်သံနှင့်အတူ ဖက်ဆစ်တပ် အမြစ်ဖြတ်ရေး ဘုတလင်နယ်၊ ကျေးရွာတစ်ရွာမှာ ဒီနေ့ ညနေပိုင်း ချီတက် ဆန္ဒပြခဲ့တယ်လို့ သတင်း ရရှိပါတယ်။

ဘုတလင်မြို့နယ် ကျောင်းသားများသမ္မဂ္ဂ(ဗကသ များအဖွဲ့ချုပ်)၊ အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင် ကော်မတီ၊ မုံရွာတက္ကသိုလ် ကျောင်းသားများ သမ္မဂ္ဂ၊ မုံရွာပင်မ သပိတ်ကော်မတီဝင်တွေနှင့် ဒေသခံပြည်သူတွေ ပူးပေါင်းချီတက်ခဲ့တဲ့ သပိတ်စစ်ကြောင်းကို ဒေသကာကွယ်ရေး တပ်ဖွဲ့တွေကလည်း လုံခြုံရေးယူ ဝန်းရံပေးခဲ့တယ်လို့ ဆိုပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မုံရွာ #အရာတော် #ဘုတလင် #လူထုသပိတ်

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ