ရေဦးနယ်ထဲ ရွာစဥ်ပတ်မွှေ သောင်းကျန်းနေတဲ့ စစ်အုပ်စုကို ဒရုန်းနဲ့ တိုက်ခိုက်၊ စစ်အုပ်စုက ပြည်သူတွေကို ရမ်းကားပစ်လို့ အမျိုးသမီးတစ်ဦးကျည်ထိ၊

ရေဦးနယ်ထဲ ရွာစဥ်ပတ်မွှေ သောင်းကျန်းနေတဲ့ စစ်အုပ်စုကို ဒရုန်းနဲ့ တိုက်ခိုက်၊ စစ်အုပ်စုက ပြည်သူတွေကို ရမ်းကားပစ်လို့ အမျိုးသမီးတစ်ဦးကျည်ထိ၊

MFP၊ အောက်တိုဘာ - ၁၇

စစ်ကိုင်းတိုင်း ရေဦးမြို့နယ်ထဲ ရွာစဥ်ပတ်မွှေ သောင်းကျန်းနေတဲ့ စစ်အုပ်စုကို ဒီမနက်ပိုင်း ဒရုန်းနဲ့ ဗုံးထု တိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုကလည်း အနီးအနားက အရပ်သားပြည်သူတွေကို ရမ်းကားပစ်ခတ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

ရေဦးကနေ အင်အား (၇၀)လောက်နဲ့ထွက်လာတဲ့ စစ်အုပ်စုကို အင်တိုင်းနှင့် သရက်ပင်စုရွာကြားမှာ LGRF နှင့် MRDF တပ်ခွဲ SSTF - K.U တို့ ပူးပေါင်းပြီး ဒရုန်းနဲ့ ဗုံးသီးနှစ်လုံချ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အောက်တိုဘာ (၁၇)ရက် ဒီကနေ့ မနက်(၇)နာရီလောက်က ရေဦးကနေ ထွက်လာတဲ့ စစ်အုပ်စုစစ်ကြောင်းကို အင်တိုင်းနှင့် သရက်ပင်စုရွာကြားအရောက်မှာ ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်အုပ်စုစစ်ကြောင်းရဲ့ အလယ်တည့်တည့်ကို ထိမှန်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှုများနိုင်တယ်လို့ ဆိုပါတယ်။

"အလယ်ကောင်ကျတာ၊ ပုံမှာန်အတိုင်းအဆို အခုလို ထိရင် ၅ ကောင်အနဲဆုံးဘဲ။ အနီးကပ်မမြင်ရသေးလို့ အတိ အကျတော့ မသိသေးဘူး။ ရေဦးမြို့ပေါ်ကို အလောင်းတွေရောက်ရင်တော့ အတိအကျသိရပြီ"လို့ SSTF - K.U တပ်ခွဲမှ တော်လှန်ရေးရဲဘော်တစ်ဦးက မှတ်ချက်ပေးပါတယ်။

ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခံရတဲ့ စစ်အုပ်စုကို ပတ်ဝန်း ကျင်ကျေးရွာတွေဘက် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာကြောင့် ဒေသခံအမျိုးသမီးတစ်ဦး ခြေထောက်မှာ ကျည်ထိမှန်ဒဏ်ရာရခဲ့ကြောင်း အဲဒီရဲဘော်က ဆက်ပြောပါတယ်။

"စခတွေပစ်လို့ ကျည်ထိတဲ့အမျိုးသမီးကြီးကို လုံခြုံတဲ့နေရာခေါ်ပြီး ကျနော်တို့ SSTF ဆေးအဖွဲ့နဲ့ ဆေးကုပေးနေတယ်"လို့ အဲဒီတပ်ဖွဲ့က တော်လှန်ရေးရဲဘော်က ပြောပါတယ်။

စစ်ကောင်စီတပ်တွေ ရမ်းသမ်းပစ်ခတ်လို့ ကျည်ထိမှန်ဒဏ်ရာရခဲ့တဲ့အမျိုးသမီးဟာ သရက်ပင်စုရွာကဖြစ်ပြီး တော်လှန်ရေးရဲဘော်တွေ အဲဒီရွာထဲဝင်သွားတယ်အထင်နဲ့ ရွာဘက်ကို ရမ်းသမ်းလှမ်းပစ်ခဲ့ရာက ထိခိုက်ခဲ့တာလို့ SSTF က ဆိုပါတယ်။

လက်ရှိအခြေအနေမှာတော့ အဲဒီစစ်ကြောင်းဟာ အင် တိုင်းကနေ ရေဦးဘက်ပြန်ထွက်သွားပြီဖြစ်ပြီး မြင်ဒေါင်းမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ထံ ရိက္ခာလာပို့တာဖြစ်နိုင်တယ်လို့ တော်လှန်ရေးအင်အားစုတွေက ယူဆကြပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ