စစ်ကိုင်းတိုင်းအနှံ့ ထင်တိုင်းကျဲ သ-တ်-ဖြတ်နေတဲ့ မင်းအောင်လှိုင်က စစ်ကိုင်းတောင်ရိုးမှာ ဆွမ်းကပ်၊ အလှူလုပ်၊

စစ်ကိုင်းတိုင်းအနှံ့ ထင်တိုင်းကျဲ သ-တ်-ဖြတ်နေတဲ့ မင်းအောင်လှိုင်က စစ်ကိုင်းတောင်ရိုးမှာ ဆွမ်းကပ်၊ အလှူလုပ်၊

MFP ၊ စက်တင်ဘာ - ၁၂

စစ်ကိုင်းတိုင်းအနှံ့ ထင်တိုင်းကျဲ အကြမ်းဖက် သ-တ်-ဖြတ်နေတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စစ်ကိုင်းတောင်ရိုးက ဘုန်းကြီးကျောင်း တစ်ကျောင်းမှာ မိသားစု နာမည်နဲ့ နေ့ဆွမ်းကပ် အလှူလုပ်ခဲ့တယ်လို့ စစ်တပ်လော်ဘီတွေက သတင်းဖြန့်ပါတယ်။

စစ်ကိုင်းတောင်ရိုး သဒ္ဓမ္မပါလ ကျောင်းတိုက်မှာ မင်းအောင်လှိုင် မိသားစုက စက်တင်ဘာ(၁၁)ရက်က နေ့ဆွမ်းကပ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဥက္ကဌ၊ ဝန်ကြီးချုပ် စတဲ့ နာမည်တွေ မသုံးဘဲ ဦးမင်းအောင်လှိုင် မိသားစု အနေနဲ့ ဆွမ်းကပ်တာလို့ စစ်လော်ဘီတွေက ဆိုပါတယ်။

 

ကိုယ်ကျိုးအတွက် အာဏာသိမ်းခဲ့တဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စုဟာ နိုင်ငံတဝန်းက စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ပြည်သူတွေကို ဥပဒေမဲ့ ထင်တိုင်းကျဲ သ-တ်-ဖြတ်တာ၊ ရွာစဉ်ပတ်မွှေ လုယက် မီးရှို့တာ၊ ပြည်သူကို ဖမ်းဆီးငွေညှစ် ညှဉ်းပန်းတာတွေ ထင်တိုင်းကျဲ ကျူးလွန်နေပြီး စစ်ကိုင်းတိုင်းဟာ စစ်အုပ်စုရဲ့ အကြမ်းဖက် သောင်းကျန်းမှုတွေကို အဆိုးရွားဆုံး ခံစားနေရတဲ့ ဒေသဖြစ်ပါတယ်။

Data For Myanmar ရဲ့ ဖော်ပြချက်အရ နိုင်ငံတဝန်း မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စုက မီးရှို့ဖျက်ဆီးခဲ့တဲ့ နေအိမ် (၂၈,၀၀၀) ကျော် ရှိခဲ့ပြီး အဲ့ဒီအထဲက နေအိမ်(၂၁,၀၀၀)ခန့်က စစ်ကိုင်းတိုင်းထဲက ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းမှာ (၃၇) မြို့နယ်ရှိတဲ့အနက် ဟုမ္မလင်း၊ ခန္တီး၊ ကလေးဝ၊ လေရှီး၊ လဟယ်၊ နန်းယွန်း စတဲ့ ခြောက်မြို့နယ်က လွဲရင် ကျန်တဲ့ (၃၁)မြို့နယ်ဟာ မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စုရဲ့ မီးရှို့ဖျက်ဆီး လုယက် သ-တ်-ဖြတ်တာကို နေ့စဉ် ခံစားနေရတယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်စုရဲ့ ဖမ်းဆီး သ-တ်-ဖြတ်မှုတွေအကြောင့် နေ့စဉ် မှတ်တမ်းပြုစု ဖော်ပြနေတဲ့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းတွေအရ နွေဦးတော်လှန်ရေး ကာလအတွင်းမှာ စစ်အုပ်စုရဲ့ ဥပဒေမဲ့ သ-တ်-ဖြတ်မှုကြောင့် ကျဆုံးခဲ့ရတဲ့ ပြည်သူ (၂,၂၇၂) ဦး ရှိခဲ့ပြီး ဖမ်းဆီးခံထားရသူ (၁၂,၀၀၀) ကျော် ရှိကာ ထောင်ဒဏ် ချမှတ်ခံထားရသူ (၁,၅၀၀) နီးပါး ရှီပါတယ်။

မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုဟာ လက်နက်အားကိုးနှင့် နိုင်ငံတဝန်း ထင်တိုင်းကျဲ အကြမ်းဖက်နေပေမယ့် ဘုရားတည်တာ၊ ဆွမ်းကပ်တာလိုမျိုး အယောင်ပြ အလှူပွဲတွေလည်း မကြာခဏ လုပ်ဆောင်နေပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #စစ်ကိုင်းတောင်ရိုး #မင်းအောင်လှိုင်မိသားစု

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ