စစ်ကိုင်း BLACK WOLF - ARMY တပ်ဖွဲ့ဝင် ရဲဘော်နှစ်ဦး မိုင်းမတော်တဆ ဖြစ်ကာ ကျဆုံး၊

စစ်ကိုင်း BLACK WOLF - ARMY တပ်ဖွဲ့ဝင် ရဲဘော်နှစ်ဦး မိုင်းမတော်တဆ ဖြစ်ကာ ကျဆုံး၊

MFP ၊ အောက်တိုဘာ - ၂၆

စစ်ကိုင်းတိုင်း အခြေပြု BLACK WOLF - ARMY တပ်ဖွဲ့က ရဲဘော်နှစ်ဦး အောက်တိုဘာ(၂၄)ရက်က စစ်အုပ်စုကို မိုင်းထောင်ဖောက်ခွဲဖို့ ကြိုးစားနေရင်း မိုင်းမတော်တဆဖြစ်ကာ ကျဆုံးခဲ့ရတယ်လို့ BLACK WOLF - ARMY က သတင်း ထုတ်ပြန်ပါတယ်။

"စစ်ခွေးစစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက်ရန် မိုင်းထောင်နေစဉ် မတော်တဆ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး မိုင်းပေါက်ကွဲမှုကြောင့် ရဲဘော် စောကျော်ဇော်ရှိန်း (ခ) ရာဇ ၊ ရဲဘော် တီကောင် တို့ အပြင်းအထန်ဒဏ်ရာ ရရှိခဲ့သည်။ ရဲဘော် တီကောင်သည် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် မြင့်မြတ်စွာ ကျဆုံးပြီး ရဲဘော် စောကျော်ဇော်ရှိန်း (ခ) ရာဇ သည် ပြင်းထန်သောဒဏ်ရာအား ကုသနေစဉ် မြင့်မြတ်စွာ ကျဆုံးခဲ့ရသည်" လို့ BLACK WOLF - ARMY က ဖော်ပြပါတယ်။

ကျဆုံးရဲဘော် နှစ်ဦးစလုံးဟာ အသက်(၂၀)ကျော်အရွယ်တွေသာ ရှိသေးပြီး ဖက်ဆစ်တပ် အမြစ်ဖြတ်နိုင်ရေး နွေဦးတော်လှန်ရေးမှာ တက်ကြွစွာ ပါဝင်တိုက်ခိုက်နေသူတွေ ဖြစ်တယ်လို့ နီးစပ်သူတွေက ဆိုပါတယ်။

"ရဲဘော် စောကျော်ဇောရှိန်း (ခ) ရာဇ ၊ ရဲဘော် တီကောင် သင်တို့သည် စစ်ခွေးစစ်ကြောင်း အားမိုင်းဆွဲတိုက်ခိုက်ရန် မိုင်းဆင်နေစဉ် မတော်တဆပေါက်ကွဲ ပြီး မြင့်မြတ်စွာ ကျဆုံးခဲ့ ပြီဖြစ်သည်။ သင်တို့သည် (BLACK WOLF - ARMY) ၌ ရဲရင့် ၊ ထူးချွန် ၊ ပြောင်မြောက်စွာ တာဝန်ထမ်းဆောင်ခဲ့သူများ ဖြစ်ကြပါသည်။ သင်တို၏ ရဲရင့်မှု ၊ ထူးချွန်ပြောင်မြောက်မှု ၊ သတ္တိရှိမှု တို့ကို ကျွန်ုပ်တို BLACK WOLF - ARMY ရဲဘော်များ အောက်မေ့အမှတ်ရလျက်ရှိပါမည်။ " ရဲဘော်တို သင်တို့သည် ယနေ့မှ စ၍ BLACK WOLF - ARMY နှင့် သက်ဆိုင်ခြင်း မရှိတော့ပါ။ သင်တို့ သွားလိုရာသို့ သွားနိုင်ပြီ ဖြစ်သည်။ " လို့ BLACK WOLF - ARMY က အမိန့်ပြန်တမ်း ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ(၈)ရက်ကလည်း ဝက်လက်မြို့နယ်မှာ BLACK WOLF - ARMY တပ်ဖွဲ့ဝင် စနိုက်ပါသမား ရဲဘော်တစ်ဦး ကျဆုံးခဲ့ပါသေးတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ဝက်လက် #BlackWolfArmy #PDF #ရဲဘော်ရာဇ #ရဲဘော်တီကောင်

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ