ဝက်လက် လျှပ်စီး ပြောက်ကျားတပ်က စနိုက်ပါ ထုတ်လုပ်အောင်မြင်၊ ကျည်က တစ်မိုင်လောက်အထိ ပြေးပြီး ပေ(၁၅၀၀)က ပစ်မှတ်ကို ပစ်ခတ်နိုင်တယ်လို့ဆို၊

ဝက်လက် လျှပ်စီး ပြောက်ကျားတပ်က စနိုက်ပါ ထုတ်လုပ်အောင်မြင်၊ ကျည်က တစ်မိုင်လောက်အထိ ပြေးပြီး ပေ(၁၅၀၀)က ပစ်မှတ်ကို ပစ်ခတ်နိုင်တယ်လို့ဆို၊

MFP ၊ သြဂုတ် - ၈

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် အခြေပြု ဝက်လက် လျှပ်စီး ပြောက်ကျားတပ်ဖွဲ့က (၇.၆၂)ကျည်သုံး စနိုက်ပါ ထုတ်လုပ် အောင်မြင်ပြီလို့ သတင်း ထုတ်ပြန်ပါတယ်။

“Sniper (စနိုက်ပါ) အစစ်ကြီး မဝယ်နိုင်တော့ ကိုယ်တိုင် ကြိုးစား ထုတ်လုပ်ရတာပေါ့ဗျာ။ (၇.၆၂) G-3 ကျည် ၊ G-3 ပြောင်း အစစ်ဖြင့် ထုတ်လုပ်ထားပြီး ပေ (၁၅၀၀)ရှိ ပစ်မှတ်ကို လေ့ကျင့် ပစ်ခတ်ထားပါတယ်ဗျ။ ကျည်ပြေးနှုန်းက တစ်မိုင်လောက်ထိ စမ်းထားပါတယ်ဗျ” လို့ ဝက်လက် လျှပ်စီး ပြောက်ကျားတပ်ဖွဲ့က ဖော်ပြပါတယ်။

ဝက်လက် လျှပ်စီး ပြောက်ကျားတပ်ဖွဲ့ရဲ့ လျှပ်စီး Production Team ဟာ (၅.၅၆)ကျည် အတောင့် (၃၀)ဆံ့ Bolt Action Rifle သေနတ်ကိုလည်း ထုတ်လုပ်အောင်မြင်ခဲ့တယ်လို့ သြဂုတ်(၁)ရက်က ထုတ်ပြန်ထားပါတယ်။

ဝက်လက် လျှပ်စီး ပြောက်ကျားတပ်ဖွဲ့က ထုတ်လုပ်ထားတဲ့ စနိုက်ပါ လေ့ကျင့်ပစ်ခတ်ထားတဲ့ ရုပ်သံကို (https://youtu.be/aVM11BKI8d8 ) မှာ ကြည့်ရှု့နိုင်ပါတယ်။

ဝက်လက် လျှပ်စီး ပြောက်ကျားတပ်ဖွဲ့က ထုတ်လုပ်ထားတဲ့ စနိုက်ပါနှင့် ရိုင်ဖယ်/Photo - ဝက်လက် လျှပ်စီး

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှုနိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ဝက်လက် #လျှပ်စီး #စနိုက်ပါ #ပြောက်ကျားတပ်

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ