MFP ၊ အောက်တိုဘာ - ၁၈
စစ်ကိုင်းတိုင်းအထက်ပိုင်း ချင်းတွင်းမြစ်ဘေးက ခန္တီးမြို့ရဲစခန်းမှာ ဖမ်းဆီးခံထားရတဲ့ PDF နဲ့ KIA တပ်ဖွဲ့ဝင် (၁၄) ဦး ဒီကနေ့ မနက်ပိုင်း စခန်းကို ဖောက်ထွင်းထွက်ပြေးခဲ့ရာမှာ ငါးဦးကို စစ်အုပ်စုက ပြန်လည် ဖမ်းဆီးရမိသွားတယ်လို့ ဒေသခံတွေကMFP ကို ပြောပါတယ်။
ဒီကနေ့ အောက်တိုဘာ(၁၈)ရက် မနက်အစောပိုင်းမှာ စခန်းဖောက် ထွက်ပြေးတာ ဖြစ်ပါတယ်။
PDF နဲ့ KIA တပ်ဖွဲ့ဝင်တွေဟာ ဩဂုတ်(၃၀)ရက်က ခန္တီးနယ် နန်စီပွန် ကျောက်စိမ်းတွင်းမှာ စစ်အုပ်စုရဲ့ ဖမ်းဆီးခြင်းခံရတာ ဖြစ်ပြီး ဘယ်လိုဖမ်းဆီးခံထားရလဲဆိုတာတော့ အတိအကျ မသိရကြောင်း ဒေသခံတွေက MFP ကို ပြောပါတယ်။
"အခုတစ်မြို့လုံး ပိုက်စိတ်တိုက် ရှာဖွေနေတယ်။ ကုန်းလမ်းရေလမ်း အကုန်လုံး ပိတ်ဆို့ပြီးတော့ ဘယ်မှ ထွက်လို့မရအောင် လုပ်ထားတယ်။ မသင်ကာတဲ့ အိမ်တွေကိုလည်း ဝင်စစ်နေတယ်"လို့ ခန္တီးဒေသခံတစ်ဦးက ပြောပါတယ်။
အဆိုပါ PDF နဲ့ KIA တပ်ဖွဲ့ဝင်တို့ စခန်းဖောက်ထွင်းထွက်ပြေးသွားပြီးနောက် ချင်းတွင်းမြစ်ကြောင်းမှာ ပြေးဆွဲနေတဲ့ အမြန်ရေယာဥ်အားလုံးကို ပိတ်ဆို့ရပ်နားထားပြီး ကုန်းလမ်းတစ်လျှောက်လုံးကိုလည်း လုံခြုံရေးတင်းကြပ်စွာ ပိတ်ဆို့ထားတယ်လို့ ဆိုပါတယ်။
ဖောက်ထွင်းထွက်ပြေးသွားစဥ်မှာ စခန်းကနေ လက်နက်တစ်လက်ပါ ယူဆောင်သွားတယ်လို့ ဒေသခံတွေပြောဆိုနေကြပေမယ့် အတိအကျတော့ မသိရသေးပါဘူး။
#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ခန္တီး
ခန္တီးမြို့ရဲစခန်းမှာ ဖမ်းခံထားရတဲ့ PDF နဲ့ KIA တပ်ဖွဲ့ဝင် (၁၄) ဦး စခန်းဖောက်ထွက်ပြေး၊ ငါးဦး ပြန်မိ
Featured
သြဂုတ်လ 25, 2024
သြဂုတ်လ 17, 2024
ဇွန်လ 23, 2024