မြိုင် - ပခုက္ကူလမ်းမှာ ဖက်ဆစ်တပ်ရဲ့ ဒု-ဗိုလ်မှူးကြီး တစ်ယောက် ဖမ်းမိ၊ စစ်ဆေးစဉ် ခုခံလို့ ပစ်ခတ်ရာက ဒဏ်ရာရပြီး သေ၊

မြိုင် - ပခုက္ကူလမ်းမှာ ဖက်ဆစ်တပ်ရဲ့ ဒု-ဗိုလ်မှူးကြီး တစ်ယောက် ဖမ်းမိ၊ စစ်ဆေးစဉ် ခုခံလို့ ပစ်ခတ်ရာက ဒဏ်ရာရပြီး သေ၊

MFP ၊ သြဂုတ် - ၂၅

မကွေးတိုင်း မြိုင် - ပခုက္ကူလမ်းမှာ ဖက်ဆစ်တပ်ရဲ့ ဒု-ဗိုလ်မှူးကြီး တစ်ယောက်ကို ဖမ်းမိခဲ့ပြီး စစ်ဆေးနေစသ် ခုခံပြီး ထွက်ပြေးဖို့ ကြိုးစားတာကြောင့် ပစ်ခတ်ဖမ်းဆီးရာမှာ ဒဏ်ရာရပြီး သေသွားတယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ - မြိုင် ပကဖ က ဒီနေ့ သတင်း ထုတ်ပြန်ပါတယ်။

“မြိုင်မြို့နယ်ကာကွယ်ရေးတပ်ဖွဲ့ ဝင်များသည် မြိုင် - ပခုက္ကူ လမ်းပိုင်းတွင် စစ်ဆေးရေးများ ပြုလုပ်နေစဉ် ပုံဖော်ပြပါ ဒု-ဗိုလ်မှုးကြီးအား တွေ့ရှိ၍ စစ်ဆေးမေးမြန်းနေစဉ် ရဲဘော်များအား ပြန်လည် တိုက်ခိုက် ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာ ဒဏ်ရာာများဖြင့် သေသွားခဲ့ပါသည်။ အခြေအနေ အကြောင်းကြောင်းကြောင့် ဖြစ်ပွားရာ အချိန်များနှင့် တချို့ အချက်အလက်များကို ဖော်ပြခြင်း မပြုတော့ပါဖြစ်ကြောင်း သတင်း ထုတ်ပြန်အပ်ပါသည်” လို့ မြိုင် ပကဖ က ဆိုပါတယ်။

May be an image of motorcycle, tree and outdoors

ပြီးခဲ့တဲ့ သြဂုတ် (၂၀)ရက်ကလည်း မြိုင်-ပခုက္ကူလမ်းပိုင်းမှာ ဖက်ဆစ်တပ်ရဲ့ ဗိုလ်အဆင့် စစ်ထောက်လှမ်းရေး တစ်ယောက်ကို ဖမ်းဆီးရမိခဲ့ပြီး ခုခံထွက်ပြေးတာကြောင့် အသေပစ်ခတ် ဖမ်းဆီးခဲ့တယ်လို မြိုင်(ပကဖ)က သတင်း ထုတ်ပြန်ထားပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မကွေး #မြိုင် #ပခုက္ကူ #PDF #ထောက်လှမ်းရေး 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ