မန္တလေးတိုင်း စဉ့်ကူးနယ်ထဲ မုံရွာ နမခက ရဟတ်ယာဉ် နှစ်စီးနဲ့ လာရောက်စီးနင်း ပစ်ခတ်နေ၊

မန္တလေးတိုင်း စဉ့်ကူးနယ်ထဲ မုံရွာ နမခက ရဟတ်ယာဉ် နှစ်စီးနဲ့ လာရောက်စီးနင်း ပစ်ခတ်နေ၊

MFP ၊ အောက်တိုဘာ - ၃၁

မန္တလေးတိုင်း စဉ့်ကူးမြို့နယ် ကံပျိုရွာအနီးဝန်းကျင်ကို ဒီနေ့လည်ပိုင်း စစ်ရဟတ်ယာဉ် နှစ်စီးနဲ့ စီးနင်းပစ်ခတ် သောင်းကျန်းနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ဒီနေ့ အောက်တိုဘာ(၃၁)ရက် နေ့လည်(၂)နာရီခွဲကျော်က စတင်ပြီး မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် - နမခ က တက်လာတဲ့ (Mi-35) အမျိုးအစား ရဟတ်ယာဉ်နှစ်စီးနဲ့ စီးနင်းပစ်ခတ်နေတာလို့ ဆိုပါတယ်။

"စဉ့်ကူးမြို့နယ် ကံပျိုရွာအရှေ့ဘက် နို့နှစ်လုံးတောင်ကို ရဟတ်ယာဉ်နဲ့ ပစ်နေတယ်လို့ ကြားတယ်။ သေချာတော့ မသိရသေးဘူး။ ရဟတ်ယာဉ် နှစ်စီးတော့ ရှေ့နောက် ဝဲနေတုန်းပဲ။ အခုထိ။ နမခ ခွေးခြံက တက်လာတာတဲ့" လို့ ဒေသခံ တစ်ဦးက MFP ကို ပြောပါတယ်။

စဉ့်ကူးမြို့နယ် ကျည်တောက်ပေါက်၊ နွယ်အင်း စတဲ့ ကျေးရွာတွေအနီး၊ ဝါးပိုးချပ် နှင့် ပက်ပေါအနီး ပျဉ်းငါးပင် ရွာတွေဘက် ရဟက်ယာဉ်တွေနဲ့ စီးနင်းပစ်ခတ်နေတာ ဖြစ်ပြီး ပြည်သူတွေ ဘေးကင်းကြပါစေလို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

ရဟတ်ယာဉ် နှစ်စီးနဲပ နာရီဝက်ကျော်ကြာ ပျံဝဲနေတာ တွေ့ရပြီး စဉ့်ကူးမြို့အနီးဝန်းကျင်၊ ဧရာဝတီမြစ် အရှေ့ခြမ်းက ရွာတွေဘက် လှည့်ပတ်ကာ တစ်ခုခုကို ရှာနေသလိုလည်း တွေ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အဲ့ဒီ ဖြစ်စဉ်နှင့် ပတ်သက်ပြီး အသေးစိတ်အခြေအနေတွေကိုတော့ မသိရသေးပါဘူး။

ဒီနေ့လည်ပိုင်း စဉ့်ကူးမြိုကနယ် ကျည်တောက်ပေါက် ရဲစခန်း လက်နက်ကြီးနဲ့ အထုခံရတယ်လို့လည်း သတင်းထွက်နေပြီး MFP အနေနဲ့ ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။

စစ်အုပ်စုဟာ စစ်ကိုင်းတိုင်းအနှံ့ ရဟတ်ယာဉ်တွေ သုံးကာ ပြည်သူကို ထင်တိုင်းကျဲ ပစ်ခတ်သတ်ဖြတ်နေပြီး ယခုအခါ မန္တလေးတိုင်းထဲက မြို့ရွာတွေကိုပါ ရဟတ်ယာဉ်တွေနဲ့ စီးနင်းပစ်ခတ်လာတာ ဖြစ်ပါတယ်။

Mi-35 အမျိုးအစား ရဟတ်ယာဉ်တစ်စီး/Photo - S

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အညာ #စဉ့်ကူ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ