ရေစကြို တောင်ဦးရွာအနီးမှာ မနေ့က စစ်အုပ်စုကို နှစ်ကြိမ်တိုက်ခိုက်၊ စကစ ခြောက်ယောက်သေ ဟုဆို၊

ရေစကြို တောင်ဦးရွာအနီးမှာ မနေ့က စစ်အုပ်စုကို နှစ်ကြိမ်တိုက်ခိုက်၊ စကစ ခြောက်ယောက်သေ ဟုဆို၊

MFP၊ အောက်တိုဘာ - ၁၈

မကွေးတိုင်း ရေစကြိုမြိုနယ် တောင်ဦးရွာအနီးမှာ မနေ့က မနက်ပိုင်းနှင့် နေ့လည်ပိုင်း စစ်အုပ်စုကို နှစ်ကြိမ် တိုက်ခိုက်ခဲ့ရာ စကစ ခြောက်ယောက် သေတယ်လို ရေစကြိုမြိုနယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ - ပကဖ က သတင်း ထုတ်ပြန်ပါတယ်။

မနေ့က အောက်တိုဘာ(၁၇)ရက် မနက်(၉)နာရီက ရေစကြိုနယ်ထဲ ရွာစဉ်ပတ်မွှေ လုယက် ဓားပြတိုက် သောင်းကျန်းနေပြီး သံပြာချောင်းရွာက ထွက်လာတဲ့ စစ်အုပ်စုကို တောင်ဦးရွာအနီးမှာ ရေစကြိုမြို နယ်(ပ.က.ဖ)၊ Salingyi Special Task Force (SSTF)၊ မြိုင်(ပ.က.ဖ)တပ်ရင်း (၂)အပါဝင် မဟာ မိတ်တပ်ဖွဲတွေပူးပေါင်းပြီး နှစ်ကြိမ် တိုက်ခိုက်ခဲ့တာလို ဆိုပါတယ်။

"စခ ခြောက်ကောင် သေဆုံးပြီး အများအပြား ထိခိုက်ကြောင်း သိရပါသည်"လို့ ရေစကြို ပကဖ က ဖော်ပြပါတယ်။

အဲ့ဒီနောက် နေ့လည်(၃)နာရီအချိန် ရေစကြိုနယ် တောင်ဦးရွာထဲ ထင်တိုင်းကျဲ လုယက်သောင်းကျန်းပြီးနောက် ရွာကို မီးရှိနေတဲ့ စစ်အုပ်စုကို ရေစကြို(ပကဖ)နှင့် မဟာမိတ်တပ်ဖွဲတွေက ဒုတိယအကြိမ်အဖြစ် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှု နှစ်ကြိမ်စလုံးမှာ တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ရေစကြို ပကဖ က ထုတ်ပြန်ထားပါတယ်။

စစ်အုပ်စုဟာ ရေစကြိုနယ် အပါအဝင် မကွေးတိုင်းထဲ လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေကာ လူသတ်၊ လုယက်၊ မီးရှို့၊ ဖမ်းဆီးငွေညှစ်တာတွေ ထင်တိုင်းကျဲ ကျူးလွန်နေတာ ဖြစ်ပါတယ်။

ရေစကြို ပကဖ ရဲဘော်တချို့/Photo - ရေစကြို ပကဖ

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မကွေး #ရေစကြို #ပကဖ 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ