မြတောင်စစ်ကြောင်းက မသူသူဇင်အတွက် သွေးကြွေးဆပ်တဲ့ အနေနဲ့ စစ်ကောင်စီ လက်ပါးစေ ပျူအောင်ဆန်း ကို သုတ်သင်ခဲ့ဟု GZP ထုတ်ပြန်၊

မြတောင်စစ်ကြောင်းက မသူသူဇင်အတွက် သွေးကြွေးဆပ်တဲ့ အနေနဲ့ စစ်ကောင်စီ လက်ပါးစေ ပျူအောင်ဆန်း ကို သုတ်သင်ခဲ့ဟု GZP ထုတ်ပြန်၊

MFP ၊ အောက်တိုဘာ - ၁၀

မန္တလေးမြို့၊ မဟာမုနိဘုရားကြီးအနီး ငြိမ်းချမ်းစွာ ဆန္ဒပြနေချိန် စစ်အုပ်စုရဲ့ ပစ်ခတ် သတ်-ဖြတ်ခြင်း ခံလိုက်ရတဲ့ မြတောင်စစ်ကြောင်းက မသူသူဇင်အတွက် သွေးကြွေးဆပ်တဲ့ အနေနဲ့ မန္တလေးမြို့နေ စစ်ကောင်စီ လက်ပါးစေ ပျူစောထီး အောင်ဆန်းဆိုသူ ဒီမနက်ပိုင်း သုတ်သင်ရှင်းလင်းခဲ့တယ်လို့ Generation Z Power -GZP ( Mandalay) ပြည်သူ့ကာကွယ်ရေး မြို့ပြပြောက်ကျားတပ်ဖွဲ့ (မန္တလေး) က သတင်း ထုတ်ပြန်ပါတယ်။

ဒီနေ့ အောက်တိုဘာ(၁၀)ရက် မနက်ပိုင်းမှာ မန္တလေးမြို့၊ လမ်း(၈၀)၊ (၄၂)လမ်းနဲ့ (၄၃)လမ်းကြား၊ တိုးရွှေမေတ္တာ နိဗ္ဗာန်ကုန်ဆိုင်က စစ်ကောင်စီ လက်ပါးစေ ပျူအောင်ဆန်း ဆိုသူကို GZP နှင့် မဟာမိတ်ဖြစ်တဲ့ Mandalay UG Wolf Army တို့ ပူးပေါင်းပြီး ပစ်ခတ် သုတ်သင်ခဲ့တာလို့ ဆိုပါတယ်။

"နှုတ်ခမ်းနီ လေးတောင့်ဖြင့် ှုရဲသို့ ပို့ဆောင်ပေးလိုက်သည်။ ထိုဒလ-န်သည် လါန်ခဲ့သော တစ်နှစ်ကျော်က ဘုရားကြီး အရှေ့မုခ်တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေသော မြတောင်သပိတ်စစ်ကြောင်းအား အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းစဉ် ကျဆုံးသွားသော ရဲဘော် သူသူဇင် အား ပစ်ခတ်ခဲ့သူ ဖြစ်ပြီး ကျွန်ုပ်တို့ မဟာမိတ်အဖွဲ့များမှ သွေးကြွေးကို သွေးနှင့် ပြန်ဆပ်ခဲ့ုခင်း ဖြစ်ကြောင်း" လို့ GZP က ဖော်ပြပါတယ်။

ပျူအောင်ဆန်း သုတ်သင်ခံရပြီးနောက် တစ်နာရီလောက် အကြာမှာ စစ်အုပ်စု ရောက်လာပြီး အနီးဝန်းကျင်က ပြည်သူတွေကို ရန်ပြု သောင်းကျန်းနေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ဇူလိုင်(၂၇)ရက်က မဟာမြတ်မုနိဘုရားကြီး အရှေ့မုခ်အနီးမှာ မြတောင် သပိတ်စစ်ကြောင်းက လူငယ်တွေ စုပေါင်းပြီး ဖက်ဆစ်တပ် အမြစ်ဖြတ်ရေး ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြနေချိန် ပျူအောင်ဆန်း အပါအဝင် စစ်ကောင်စီ လက်ပါးစေတွေက အနီးအနားက ဆိုက်ကားဂိတ်ထဲကနေ လူငယ်တွေကို သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် လူငယ် သုံးဦး ကျည်ထိမှန်ခဲ့ပြီး အဲ့ဒီအထဲက အသက်(၂၅)နှစ်အရွယ် မသူသူဇင်ဟာ ဦးခေါင်းကျည်ထိမှန် ဒဏ်ရာနဲ့ ပွဲချင်းပြီး ကျဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီ လက်ပါးစေတွေက လူငယ်တွေကို ပစ်ခတ်သတ်ဖြတ်ပြီးနောက် သွေးကွက်တွေကို သဲနဲ့ လိုက်ဖုံးခဲ့ပြီး သတင်းဖုံးအစဖျောက်ဖို့ ကြိုးစားခဲ့ပါသေးတယ်။

မန္တလေးမှာ စစ်အုပ်စုက သူတို့ကို သစ္စာခံတဲ့ ပျူတွေ၊ လောင်းကစားသမားတွေနှင့် ထောင်ထွက် လူမိုက်တွေကို ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ အဖြစ် ခန့်အပ်ထားသလို သေနတ်တွေ ထုတ်ပေးထားပြီး ပြည်သူ့စစ် အမည်ခံ အကြအမ်းဖက် အဖွဲ့တွေ ဖွဲ့စည်းပေးထားတာ ဖြစ်ပါတယ်။

ကျဆုံးခဲ့တဲ့ မြတောင် သပိတ်စစ်ကြောင်းက မသူသူဇင်နှင့် ပျူအောင်ဆန်း သုတ်သင်ခံရပြီးနောက် စစ်အုပ်စုတွေ ရောက်ရှိလာစဉ်/Photo - CJ

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မသူသူဇင် #မြတောင်စစ်ကြောင်း

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ