ပုလဲမှာ CDM ဝင်လာတဲ့ စစ်ကောင်စီ တပ်ကြပ်ကြီးတစ်ဦးကို ဂုဏ်ပြုကြိုဆို၊

ပုလဲမှာ CDM ဝင်လာတဲ့ စစ်ကောင်စီ တပ်ကြပ်ကြီးတစ်ဦးကို ဂုဏ်ပြုကြိုဆို၊

MFP ၊ သြဂုတ် - ၂၂

ဖက်ဆစ်တပ် လက်အောက်က ရုန်းထွက်ပြီး CDM ဝင်ရောက်လာတဲ့ တပ်ကြပ်ကြီးတစ်ဦးကို ဂုဏ်ပြု ကြိုဆိုခဲ့တယ်လို့ ပုလဲမြို့နယ် PDF တပ်ရင်း (၉) - ရိုးမရာဇာ တပ်ဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့ အခြေစိုက် ဖက်ဆစ်တပ်ရဲ့ အမှတ်(၅၅)ခြေမြန်တပ်မ ဌာနချုပ် လက်အောက်ခံ ခမရ (၅၁၁) (တီကျစ်)ကနေ CDM ဝင်လာတဲ့ ကွန်ပြူတာ ဒီပလိုမာ တပ်ကြပ်ကြီး စိုးခိုင်လင်း ကို ဂုဏ်ပြုကြိုဆိုပွဲနဲ့ ကြိုဆိုခဲ့တာလို့ ဆိုပါတယ်။

“CDM ဝင်ရောက်လာတာ ကတော့ (၁၆)ရက်နေ့က အကြောင်းကြားလို့ လမ်းကြောင်းရှင်းလင်း ခေါ်ဆောင်လာတာပါ။ မနေ့က (၂၁)ရက်နေ့ကမှ ရိုးမရာဇာကို ရောက်တာပါ။ CDM ဆုကြေးကတော့ မချီးမြင့်နိုင်သေးပါဘူးခဗျာ။ တပ်ရင်းရံပုံငွေလည်း မရှိလို့ပါ” လို့ ရိုးမရာဇာ တပ်ဖွဲ့ ပြန်ကြားရေး တာဝန်ခံက MFP ကို ပြောပါတယ်။

ဖက်ဆစ်တပ်ရဲ့ လက်အောက်က ရုန်းထွက်ပြီး CDM ဝင်ရောက်လာသူတွေကို ဒေသကာကွယ်ရေး တပ်ဖွဲ့တွေ အပါအဝင် အများပြည်သူက ဂုဏ်ပြုကြိုဆိုနေပြီး PDF တပ်ရင်း၊တပ်ဖွဲပတချို့က ကျပ်သိန်း ရာချီကာ ဂုဏ်ပြုငွေချီးမြင့်ပေးနေတာ ဖြစ်ပါတယ်။

CDM ဝင်ရောက်လာတဲ့ တပ်မ (၅၅)၊ ခမရ (၅၁၁) က ဒီပလိုမာ တပ်ကြပ်ကြီး စိုးခိုင်လင်းနှင့် ရိုးမရာဇာ တပ်ဖွဲ့ဝင်တွေ/Photo - ရိုးမရာဇာ တပ်ဖွဲ့

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ပုလဲ #PDF #ရိုးမရာဇာ #CDM #တပ်ကြပ်ကြီး 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ