မတ္တရာနယ် ကြိမ်တောရွာက စစ်ကောင်စီ သတင်းပေးဆိုသူ အသတ်ခံရ၊ စစ်အုပ်စုက မတ္တရာနယ်ထဲ ရွာစဉ်ပတ်မွှေ သောင်းကျန်းကာ ပြည်သူတွေကို ဖမ်းဆီးထား၊

မတ္တရာနယ် ကြိမ်တောရွာက စစ်ကောင်စီ သတင်းပေးဆိုသူ အသတ်ခံရ၊ စစ်အုပ်စုက မတ္တရာနယ်ထဲ ရွာစဉ်ပတ်မွှေ သောင်းကျန်းကာ ပြည်သူတွေကို ဖမ်းဆီးထား၊

MFP ၊ အောက်တိုဘာ - ၂၀

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ကြိမ်တောရွာက စစ်ကောင်စီ သတင်းပေး အောင်သူကို ဆိုသူကို မနေ့က ညပိုင်းမှာ ရှင်းလင်းခဲ့တယ်လို့ Defend of The Ayeyawaddy အဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။

အောက်တိုဘာ(၁၈)ရက် ညပိုင်းမှာ ကြိမ်တောကျေးရွာက စကစ သတင်းပေး အောင်သူကို ကို Defend of The Ayeyawaddy နှင့် ယူနီကွန်း ပျောက်ကြားတပ်တို့ ပူးပေါင်းပြီး ရှင်းလင်းလိုက်တာလို့ ဆိုပါတယ်။

" အောင်သူကိုသည် စကစ ကို သတင်းပေးရုံသာမက pdf တွေကို အကြိမ်ကြိမ် ခြိမ်းခြောက် ထားသူဖြစ်ပြီး မန္တလေးမှ စစ်သင်္ဘောများ ထွက်ခွာလာချိန် မကျေနပ်သော ကျေးရွာများ ကို pdf ရှိသည်ဟု သတင်းပေးခဲ့သောကြောင့် ဧရာဝတီမြစ်ဘေး ကျေးရွာများ လက်နက်ကြီးငယ်များဖြင့် ရမ်းသမ်းပစ်ခတ် ခံခဲ့ရသည်။ ထို့ကြောင့် ဒလန် အောင်သူကို ကို ကျနော်တို့ Defend of The Ayeyarwaddy မှ ယူနီကွန်း ပျောက်ကြားတပ်နှင့် ပူးပေါင်း၍ ငရဲ သို့ စရိတ်ငြိမ်း ပို့ဆောင်ပေးလိုက်သည်" လို့ ဖော်ပြပါတယ်။

ယခုရက်ပိုင်း စစ်အုပ်စုက မတ္တရာနယ်ထဲ ရွာစဉ်ပတ်မွှေကာ လူသတ်၊ လုယက်၊ ဓားပြတိုက်၊ အိမ်မီးရှို့ ဖမ်းဆီးငွေညှစ်တာတွေ ကျူးလွန်နေသလို စစ်ကားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီ သတင်းပေးနှင့် စစ်ကောင်စီ အုပ်ချုပ်ရေးမှူးတွေလည်း ဆက်တိုက်ဆိုသလို ရှင်းလင်းခံနေရပါတယ်။

စစ်အုပ်စုဟာ အောက်တိုဘာ(၁၈)ရက် ညပိုင်းကတည်းက မတ္တရာနယ် ကျောက်တံတားရွာထဲ ဝင်မွှေသောင်းကျန်းနေပြီး တွေ့သမျှလူ ဖမ်းဆီးကာ စုစုပေါင်း ဒေသခံ (၂၀)ခန့်ကို ဓားစာခံ လူသားဒိုင်းအဖြစ် ဖမ်းထားတယ်လို့ မန္တလေးမြေပြင်ကင်းထောက်အဖွဲ့ Patheingyi Information - PIF က ဖော်ပြပါတယ်။

ဒါ့အပြင် စစ်အုပ်စုက ကျောက်တံတားရွာကနေ ကျောက်ဆည်လေးရွာဘက် ဝင်မွှေသောင်းကျန်းပြီး ဒေသခံ(၁၀)ဦးထက်မနည်းကို ဖမ်းခေါ်လာသလို ကျောက်ဆည်လေးရွာထဲက နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

"မတ္တရာမြို့နယ် ကျောက်တံတားရွာမှ စခများ ကျောက်ဆည်လေးရွာဘက်သို့ ညပိုင်းကတည်းက

ခြေလျင်စစ်ကြောင်း ထိုး၍ လမ်း၌ တွေ့သောသူ (၁၀)ဦးခန့် ပေါ်တာဆွဲ ဖမ်းခေါ်သွားပြီး ကျောက်ဆည်လေးဘက် အရောက်တွင် ခြောက်ဦး ပြန်လွှတ်ပြီး ကျောက်ဆည်လေးရွာဘက်တွင် ပြည်သူ့နေအိမ် ငါးအိမ်ခန့် မီးရှို့ဖျက်ဆီးထားကြောင်း" လို့ ပုသိမ်ကြီး PIF က ဖော်ပြပါတယ်။

စစ်အုပ်စု သောင်းကျန်းနေလို့ မတ္တရာနယ် ဧရာဝတီမြစ်ဘေး ကျေးရွာတွေက ပြည်သူတွေ ထွက်ပြေးနေရပါတယ်။

မတ္တရာနယ်၊ ကြိမ်တောရွာက စစ်ကောင်စီ သတင်းပေးဆိုသူ အောင်သူကို/Photo - Defend of The Ayeyarwaddy

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ