ဂန့်ဂေါမှာ အရက်ဝယ်ထွက်လာတဲ့ စကစ ရဲတစ်ယောက်ကို YDF က ဖမ်းဆီး၊

ဂန့်ဂေါမှာ အရက်ဝယ်ထွက်လာတဲ့ စကစ ရဲတစ်ယောက်ကို YDF က ဖမ်းဆီး၊

MFP ၊ သြဂုတ် - ၁၃

မကွေးတိုင်း ဂန့်ဂေါမြို့နယ် ကန်နယ်မြေရဲစခန်းက စကစ တစ်ယောက် အရပ်ဝတ်နဲ့ အရက်ထွက်လာချိန် ဒီညနေပိုင်းမှာ ဖမ်းမိခဲ့တယ်လို့ ယောကာကွယ်ရေးတပ် - YDF က သတင်း ထုတ်ပြန်ပါတယ်။

ဒီနေ့ သြဂုတ်(၁၂)ရက်၊ ညနေ(၆)နာရီက ဂန့်ဂေါမြို့နယ် ကန်နယ်‌မြေ ရဲစခန်းထဲကနေ အရက်ဝယ်ထွက်လာတဲ့ စကစ ရဲတပ်သား ဇော်နိုင်ဦး ဆိုသူကို YDF တပ်ရင်း(၄)က ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။ အဲ့ဒီ ဖမ်းမိတဲ့ စကစရဲကို YDF ဌာနချုပ်ကို လွှဲပြောင်းအပ်နှံဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

အကြမ်းဖက် စစ်အုပ်စုဟာ ဂန့်ဂေါ အပါအဝင် မကွေးတိုင်းထဲ ရွာစဉ်ပတ်မွှေ သောင်းကျန်းနေပြီး ဒေသကာကွယ်ရေး တပ်တွေနဲ့ မကြာခဏ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

မကွေးတိုင်း အပါအဝင် စစ်ကိုင်းတိုင်း နေရာအနှံ့အပြားမှာ စစ်အုပ်စုက စခန်းပတ်လည်နေရာလေးကိုပဲ စိုးမိုးနိုင်တော့ပြီး ဒေသကာကွယ်ရေး တပ်တွေက နယ်မြေစိုးမိုးထားတယ်လို့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေ့ ပြောပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မကွေး #ဂန့်ဂေါ #စကစ #YDF 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ