နေပြည်တော် ပကဖ က (၁၂၀မမ) အပါအဝင် ထုတ်လုပ်ထားတဲ့ လက်နက်ကြီးတွေ မိတ်ဆက်ပြသ၊

နေပြည်တော် ပကဖ က (၁၂၀မမ) အပါအဝင် ထုတ်လုပ်ထားတဲ့ လက်နက်ကြီးတွေ မိတ်ဆက်ပြသ၊

MFP ၊ စက်တင်ဘာ - ၂အကွာအဝေး သုံးမိုင်အထိ ပစ်ခတ်နိုင်တဲ့ (၁၂၀မမ) တားဝေးပစ် လက်နက်ကြီး အပါအဝင် နေပြည်တော် ပြည်သူ့ကာကွယ်ရေး အဖွဲ့ - ပကဖ က ထုတ်လုပ်ထားတဲ့ လက်နက်ကြီးတွေကို မိတ်ဆက်ပြသခဲ့ပါတယ်။

“အလက်ရေ များများ ထုတ်လုပ်ပြီး တော်လှန်ရေး အင်အားစုများဆီ ဖြန့်ဝေပေးဖို့ ကြိုးစားသွားပါမယ်။ ပြည်သူများ အနေနဲ့ ဝိုင်းဝန်းကူညီ ပံ့ပိုးပေးကြပါဦး လို့ မေတ္တာရပ်ခံရင်းဖြင့်” ဆိုပြီး နေပြည်တော် ပကဖ က ဖော်ပြပါတယ်။

နေပြည်တော် ပကဖ ရဲ့ စစ်ရေးတာဝန်ခံ ဗိုလ်တေဇ၊ ထုတ်လုပ်ရေး တာဝန်ခံ ဗိုလ်ယက္ခနှင့် ရဲဘော်တွေ ပူးပေါင်းပြီး (၁၂၀မမ) တာဝေးပစ် လက်နက်ကြီး အပါအဝင် လက်နက်ကြီးတွေ အောင်မြင်စွာ ထုတ်လုပ် နိုင်ခဲ့တာလို့ ဆိုပါတယ်။ လက်နက်ကြီးတွေ ထုတ်လုပ်ဖို့ အဓိက ကုန်ကြမ်းအဖြစ် စစ်အုပ်စုရဲ့ မိုင်တဲ တာဝါတိုင်တွေကို အသုံးပြုတာလို့လည်း နေပြည်တော် ပကဖ က ထုတ်ပြန်ထားပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #နေပြည်တော် #လက်နက်ကြီး #ပကဖ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ