မုံရွာ ကညနရုံးထဲက စစ်အုပ်စုကို ဗုံးထုတိုက်ခိုက်၊ စစ်ကောင်စီ သစ္စာခံ ဝန်ထမ်းတစ်ဦး ဒဏ်ရာရ၊

မုံရွာ ကညနရုံးထဲက စစ်အုပ်စုကို ဗုံးထုတိုက်ခိုက်၊ စစ်ကောင်စီ သစ္စာခံ ဝန်ထမ်းတစ်ဦး ဒဏ်ရာရ၊

MFP ၊ အောက်တိုဘာ - ၂၀

ပြည်သူကို သတ်ဖို့ စစ်အုပ်စုအတွက် ကျည်ဆံဖိုးရှာပေးနေတဲ့ မုံရွာမြို့၊ ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန - ကညန ရုံးထဲက စစ်အုပ်စုကို မနေ့က မနက်ပိုင်း ဒရုန်းနဲ့ ဗုံးထုတိုက်ခိုက်ခဲ့ရာ တစ်ဦး ထိတယ်လို့ ဒီမိုကရက်တစ် ပြောက်ကျားတပ်ဖွဲ့ - Democratic Guerrilla Force - DGF က သတင်း ထုတ်ပြန်ပါတယ်။

အောက်တိုဘာ(၁၉)ရက် မနက်(၁၁)နာရီခွဲက မုံရွာမြို့၊ နတ်လူထိပ္ပန်ရပ်ကွက်၊ မုံရွာ - မန္တလေး ကားလမ်းအရှေ့ဘက်က စစ်အုပ်စုရဲ့ ကညနရုံးကို ဒရုန်းနဲ့ ဗုံးထုတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီ ကညန ရုံးနားမှာ မြို့အဝင်အထွက် ပြည်သူကို ဖမ်းဆီးငွေညှစ်နေတဲ့ စစ်အုပ်စုရဲ့ ဂိတ်တဲရှိပြီး ဂိတ်တဲထဲက စကစတွေ ကညနရုံးထဲ ဝင်ထွက်သွားလာချိန် ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး စစ်ကောင်စီ သ္စစာခံ Non-CDM ဝန်ထမ်း အမျိုးသမီးတစ်ယောက် ထိခိုက်ဒဏ်ရာရတယ်လို့ DGF က ဖော်ပြပါတယ်။

အဲ့ဒီ ဖြစ်စဉ်နှင့်ပတ်သက်ပြီး မုံရွာမြို့က တိုင်းကညနရုံး ဒရုန်းနဲ့ ဗုံးထုခံရပြီး ကညနရုံးက ဝန်ထမ်းတစ်ယောက် ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့ပြီး ရုံးခေါင်မိုး ပျက်စီးတယ်လို့ စစ်အုပ်စုက ဆိုပါတယ်။

စစ်အုပ်စုကို အခွန်အခ ပေးဆောင်တာဟာ ပြည်သူကို သတ်ဖို့ ကျည်ဆံဖိုး ထောက်ပံ့ပေးသလို ဖြစ်နေတာကြောင့် စစ်အုပ်စုကို အခွန်မပေးဖို့၊ စစ်အုပ်စုကို အခွန်ပေးတာဟာ ဖက်ဆစ်တပ် အားပေးသလို ဖြစ်နေတာကြောင့် တော်လှန်ရေးမှာ ထထြဲဝင်ဝင် မပါဝင်နိုင်ရင်တောင်မှ စစ်အုပ်စုကို အခွန်မပေးဘဲ သပိတ်မှောက်ကြဖို့ ပြည်သူအချင်းချင်း တိုက်တွန်းထားပါတယ်။

စစ်အုပ်စုကတော့ လက်နက်အားကိုးနဲ့ ပြည်သူကို ထင်တိုင်းကျဲ အနိုင်ကျင့်ပြီး ဖမ်းဆီး၊ သတ်ဖြတ်၊ ငွေညှစ်၊ ဆက်ကြေးကောက်နေတာ ဖြစ်ပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မုံရွာ #ကညန #NonCDM #DGF 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ