စစ်ကိုင်းတိုင်းမှာ ဖက်ဆစ်တပ်က ဒီမနက်ပိုင်း ကျေးရွာ လေးရွာကို မီးရှို့ဖျက်ဆီး၊ စစ်ကိုင်းမြို့နယ် ချိုင်ကြီးရွာ၊ ဝက်လက်နယ် ရွာတော်ရွာ၊ မြောင်နယ် ရွှေဘုံသာရွာနှင့် တန့်ဆည်နယ် သပြေရင်းရွာတွေကို မီးရှို့နေ၊

စစ်ကိုင်းတိုင်းမှာ ဖက်ဆစ်တပ်က ဒီမနက်ပိုင်း ကျေးရွာ လေးရွာကို မီးရှို့ဖျက်ဆီး၊ စစ်ကိုင်းမြို့နယ် ချိုင်ကြီးရွာ၊ ဝက်လက်နယ် ရွာတော်ရွာ၊ မြောင်နယ် ရွှေဘုံသာရွာနှင့် တန့်ဆည်နယ် သပြေရင်းရွာတွေကို မီးရှို့နေ၊

MFP ၊ အောက်တိုဘာ - ၁၉

စစ်ကိုင်းတိုင်းအနှံ့ လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေ လူသတ် လုယက် သောင်းကျန်းနေတဲ့ စစ်အုပ်စုဟာ ဒီနေ့ အောက်တိုဘာ(၁၉)ရက် မနက်ပိုင်း စစ်ကိုင်း၊ဝက်လက်၊ မြောင်နှင့် တန့်ဆည်နယ်ထဲက ကျေးရွာ လေးရွာကို လုယက်ဖျက်ဆီး မီးရှို့နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ဖက်ဆစ်တပ်ဟာ ဒီနေ့ မနက် (၆)နာရီဝန်းကျင်ကတည်းက ဝက်လက်နယ် အနောက်ခြမ်း၊ ရွှေပန်းကုံးတိုက်နယ်၊ ရွာတော်ကျေးရွာထဲ ဝင်မွှေလုယက် မီးရှို့နေပြီး ဒေသကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ကာ ပစ်ခတ်သံတွေလည်း ကြားနေရတယ်လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။

"အနီးအနားက ရွာတွေ အကုန်လုံး ထွက်ပြေးနေရပါတယ်။ ရွာတော်ရွာထဲ မီးခိုးတွေ အများကြီး မြင်နေရပါတယ်။ ရွာထဲမှာ တိုက်ပွဲဖြစ်ပြီး ခွေးတွေက မီးရှို့နေတာ" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် မနေ့ကညပိုင်း စစ်ကိုင်းမြို့နယ် ကျော်ဇေယျရွာနှင့် ချိုင်ကြီးရွာကြားမှာ ဖက်ဆစ်တပ်တွေ မိုင်းဆွဲခံရပြီးနောက် ဒီမနက် (၇)နာရီကျော်က စတင်ပြီး ဖက်ဆစ်တပ်သားတွေ ကားသုံးစီးနဲ့ ချိုင်ကြီးရွာထဲ ဝင်မွှေလုယက် ဓားပြတိုက်ကာ ရွာကို မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းမြိုနယ် မာလဲတောကျေးရွာအုပ်စု၊ စစ်ကိုင်း -ရွှေဘိုလမ်းပေါ်က ချိုင်းကြီးကျေးရွာမှာ ဖက်ဆစ်တပ်က မီးရှို့လို့ အနည်းဆုံး အိမ်လေးလုံး မီးလောင်ပြာကျပြီး ရွာက တန်ဘိုးကြီး ပစ္စည်းတွေကိုလည်း ဖက်ဆစ်တပ်က ဖောက်ထွင်းခိုးယူ လုယက်နေတယ်လို့ စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးက ဆိုပါတယ်။

စစ်ကိုင်းတိုင်း မြောင်နယ်ထဲ ရွာစဉ်ပတ်မွှေ လုယက်သောင်းကျန်းနေတဲ့ ဖက်ဆစ်တပ်ဟာလည်း ဒီမနက် (၆)နာရီကျော်က စတင်ပြီး မြောင်မြို့နယ် ရွှေဘုံသာ ကျေးရွာထဲ ဝင်မွှေလုယက် မီးရှို့နေပြီး မနက်ပိုင်းတစ်ပိုင်းထဲ ရွှေဘုံသာရွာက အိမ်တွေကို ဖက်ဆစ်တပ်က စိတ်တိုင်းကျ ဖောက်ထွင်းလုယက်ကာ မီးရှို့နေတာလို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာ(၁၇)ရက်က စတင်ပြီး တန့်ဆည်နယ် သပြေရင်းရွာထဲ စီးနင်းအထိုင်ချ လုယက်နေတဲ့ စစ်အုပ်စုဟာ ဒီမနက်ပိုင်း ရွာက ပြန်အထွက်မှာတော့ သပြေးရင်းရွာထဲ ဖောက်ထွင်းခိုးယူလို့ ရသမျှ တန်ဘိုးကြီးပစ္စည်းတွေ သယ်ယူသွားပြီးနောက် ကျေးရွာက နေအိမ်တွေကို မီးတိုက်ထားခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

"အကြမ်းဖက် ခွေးအုပ်စုများဟာ သပြေရင်းရွာသို့ အောက်တိုဘာ(၁၇)မှ (၁၉)ရက်အထိ ဝင်ရောက်တပ်စွဲ ဝပ်ကျင်းချခဲ့ကြပြီးနောက် ယနေ့ သပြေရင်ကျေးရွာမှ နေအိမ်အချိုအား မီးရှိဖျက်ဆီးပြီးအနောက်မြောက်ဘက်သို့ ထွက်ခွာထွက်သွားကာ ယခု သစ်ရာပင်ရွာသစ်အတွင်း တစ်ဖွဲဝင်သွား။ ကျန်တစ်ဖွဲမှာ ပဲခင်းကြီး တောရကျောင်း အနီးတွင်ရှိနေ။ ကန့်ကလေးကုန်း၊ ဇီးပေါက်နှင့် အနီးအနားရှိကျေးရွာများ အားလုံး ကြိုတင်ပြင်ဆင် ရှောင်တိမ်းပေးကြပါ။ ခွေးများ လာနေကြ ဝင်ရောက်နေကြ ရွာများသို့ ဝပ်ကျင်းချ တပ်စွဲနိုင်ကြပါတယ်။ ယနေ့မနက် သပြေရင်းရွာမှ မထွက်မီ နေအိမ် လေးလုံး နှင့် နွားခြံတဲ တစ်လုံး၊ ကောက်ရိုးပုံတစ်ပုံကို မီးရှို့ဖျက်ဆီးပြီး ထွက်ခွာသွားခဲ့ကြပါတယ်" လို့ ဒေသခံ တော်လှန်ရေး ရဲဘော်တစ်ဦးက ဆိုပါတယ်။

ဖက်ဆစ်တပ်ဟာ အာဏာသိမ်းပြီးကတည်းက စစ်ကိုင်းတိုင်းအနှံ့ ရွာစဉ်ပတ်မွှေကာ လူသတ်၊ လုယက်၊ မီးရှို့၊ ဖမ်းဆီးငွေညှစ်တာတွေ ကျူးလွန်နေတာ ဖြစ်ပြီး စစ်ကိုင်းတိုင်း မြို့နယ် (၃၀)ကျော်မှာ တစ်နှစ်ခွဲအတွင်း ဖက်ဆစ်တပ် မီးရှို့လို့ နေအိမ်အလုံး (၂၀,၀၀၀)ကျော် မီးလောင်ပြာကျခဲ့ပြီး ဖြစ်ပါတယ်။

တန့်ဆည်ဆည် သပြေရင်းကျေးရွာထဲ ဖက်ဆစ်တပ်က သုံးရက်ကြာ စီးနင်းကာ ထင်တိုင်းကျဲ ဖောက်ထွင်းခိုးယူ လုယက်ပြီးနောက် ရွာကပြန်အထွက်မှာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားစဉ်/Photo - ဇာမဏီ

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မြောင် #တန့်ဆည် #ဝက်လက် #အိမ် #ရွာ #မီးရှို့

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ