ကလေးနယ် တောင်ပိုင်းမှာ တိုက်ပွဲပြင်းထန်နေ၊ စကစတွေ အသေအပျောက် များနိုင်ပြီး PDF ရဲဘော် တစ်ဦး ကျဆုံး၊

ကလေးနယ် တောင်ပိုင်းမှာ တိုက်ပွဲပြင်းထန်နေ၊ စကစတွေ အသေအပျောက် များနိုင်ပြီး PDF ရဲဘော် တစ်ဦး ကျဆုံး၊

MFP၊ သြဂုတ် - ၄



စစ်ကိုင်းတိုင်း ကလေးမြိုနယ်တောင်ပိုင်း သာယာကုန်းရွာထဲ စီးနင်းအထိုင်ချနေတဲ့ အကြမ်းဖက် စစ်အုပ်စုကို မနေ့က ညနေပိုင်းမှာ ဒေသကာကွယ်ရေး မဟာမိတ်ပူးပေါင်းတပ်တွေက ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စကစတွေ အထိနာ အသေများနိုင်သလို ပြည်သူ့ရဲဘော် တစ်ဦးလည်း ကျဆုံးခဲ့တယ်လို ကလေးဒေသ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ - PDF Kalay တပ်ရင်း (၁)က MFP ကို ပြောပါတယ်။



သြဂုတ် (၃)ရက် မနေ့က ညနေ(၅)နာရီခွဲလောက်မှာ ကလေး - ဂန့်ဂေါလမ်းပိုင်း သာယာကုန်းရွာ GTC ကျောင်းထဲ စီးနင်းအထိုင်ချနေတဲ့ စစ်အုပ်စုကို PDF Kalay တပ်ရင်း (၁)၊ (၂)၊ (၅)၊ (၆)နှင့် CNDF ၊ CDF(KKG)၊ KRDF စတဲ့ ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။



"ကျနော်တို သာယာကုန်းရွာထဲ ဝင်ရောက်ပြီးတော့မှ ထိုးစစ်ဆင်ပြီး တိုက်ပွဲ ဖော်ဆောင်ခဲ့တယ်။ အဲဒီ တိုက်ခိုက်မှုမှာ စစ်ခွေးဘက်က ထိခိုက်ကျဆုံး ရှိနိုင်တယ်ဗျ။ ကျနော်တို ဘက်ကတော့ ရဲဘော်တစ်ယောက် ကျတယ်"လို PDF Kalay တပ်ရင်း (၁) ရဲဘော်တစ်ဦးက MFP ကို ပြောပါတယ်။



တွဲပွဲအတွင်း ကျဆုံးခဲ့တဲ့ရဲဘော်ဟာ PDF Kalay တပ်ရင်း (၆)က ဖြစ်ပြီး အခြား ပြည်သူ့ရဲဘော် သုံးဦးလည်း မစိုးရိမ်ရ ဒဏ်ရာတွေ ရရှိခဲ့ပြီး ဆေးကုသမှု ခံယူနေတယ်လို ဆိုပါတယ်။



အကြမ်းဖက် စစ်အုပ်စုဟာ ဒီကနေ့ မနက်ပိုင်းမှာလည်း သာယာကုန်းရွာ GTC ကျောင်းဝင်းထဲ ဆက်ရှိနေပြီး တိုက်ပွဲဆက်ဖြစ်နိုင်တယ်လို PDF Kalay က ခန့်မှန်းပါတယ်။



ယာယာကုန်းရွာ GTC ကျောင်းဝင်းထဲမှာ စကစ အင်အား (၂၀၀) လောက် ရှိနေတာ ဖြစ်ပြီး သြဂုတ် (၂)ရက် မနက်ပိုင်းကလည်း အဲ့ဒီ ကျောင်းထဲက ထွက်လာတဲ့ စစ်အုပ်စုကို ဒေသကာကွယ်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စကစ အနည်းဆုံး (၁၀)ယောက် သေပြီး အများအပြား ဒဏ်ရာရသွားတယ်လို PDF (Kalay)က ထုတ်ပြန်ထားပါတယ်။



လက်ရှိအခြေအနေမှာ ကလေးမြိုနယ်တောင်ပိုင်းမှာ စစ်ရေးအခြေအနေ တင်းမာနေတာကြောင့် ကလေး - ဂန့်ဂေါ လမ်းပိုင်းကို ဖြတ်သန်းသွားလာခြင်း မလုပ်ကြဖို ဒေသကာကွယ်ရေး တပ်ဖွဲတွေက သတိပေးထားပါတယ်။



“ကလေးမြိုနယ်တောင်ပိုင်း ကလေးနည်းပညာတက္ကသိုလ်၏ တောင်ဘက် သာယာကုန်းရွာ အနီးတွင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲများနှင့် PDF (Kalay) ၊ ပ.က.ဖ (ကလေး) ၊ CNDF ၊ CDF - KKG နှင့် RKDF ပူးပေါင်း တပ်ဖွဲများ တိုက်ပွဲ ဆက်လက် ပြင်းထန်လျက်ရှိပါသည်။ စစ်ရေး အခြေအနေများအရ ကလေး တောင်ပိုင်းသို မော်တော်ယာဉ်များ ဖြတ်သန်းသွားလာခြင်း လုံးဝမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်” လို့ PDF (Kalay) က ဖော်ပြပါတယ်။



စစ်အုပ်စုနှင့် အပြင်းအထန် တိုက်ခိုကနေတဲ့ ဒေသကာကွယ်ရေး တပ်ဖွဲပတွေ အနေနဲ့ ကျည်ဆံ လိုအပ်နေပြီး ပြည်သူတွေက ကျည်ဆံဖိုး ဝိုင်းဝန်း ထောက်ပံ့ ကူညီပေးကြဖို့ ဒေသကာကွယ်ရေး တပ်တွေက အလှူခံနေပါတယ်။



ကလေးမြို့နယ် တောင်ပိုင်း GTC ကျောင်းအနီးမှာ မနေ့ ညနေပိုင်းက စစ်အုပ်စုကို တိုက်ခိုက်နေတဲ့ PDF (Kalay) တပ်ရင်း၉၁) ရဲဘော်တွေ/Photo – PDF (Kalay)



( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှုနိုင်ပါတယ်။)



#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ကလေးမြို့ #PDF #တိုက်ပွဲ #ကျည်ဆံ 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ