မန္တလေး အမှတ် (၁၁) ရဲစခန်းကို ဗုံးထုခဲ့တယ်လို့ MDY-PDF ထုတ်ပြန်

မန္တလေး အမှတ် (၁၁) ရဲစခန်းကို ဗုံးထုခဲ့တယ်လို့ MDY-PDF ထုတ်ပြန်

MFP ၊ ဩဂုတ် - ၂၆



မန္တလေးမြို့ (၇၈)လမ်းပေါ်က အမှတ် (၁၁) ရဲစခန်းကို ဗုံးထုတိုက်ခိုက်ခဲ့တယ်လို့ MDY-PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။



မနေ့ ဩဂုတ် (၂၅)ရက် မွန်းလွဲ (၂)နာရီခွဲလောက်မှာ ရဲစခန်းရှေ့က စစ်အုပ်စုကင်းတဲဘန်ကာကို ဗုံးထုတိုက်ခိုက်ခဲ့တာဖြစ်ပြီး စကစ တစ်ယောက် ထိခိုက်ခဲ့သလို ပြည်သူတစ်ယောက်လည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။



စစ်အုပ်စုဘက်ကတော့ ရဲစခန်းအနီး စျေးလာဝယ်တဲ့အမျိုးသားတစ်ယောက်မှာ မစိုးရိမ်ရတဲ့ ဗုံးစမှန်ဒဏ်ရာအနည်းငယ် ရရှိခဲ့တယ်လို့ ဆိုပါတယ်။



ထိခိုက်နစ်နာခဲ့တဲ့ ပြည်သူကို MDY-PDF ရဲဘော်တွေက အနူးအညွတ် တောင်းပန်ကြောင်းနဲ့ အလားတူဖြစ်ရပ် ထပ်မဖြစ်ဖို့အတွက် ပြည်သူတွေဟာ စစ်အုပ်စုနဲ့ ဝေးရာမှာ နေထိုင်သွားလာကြဖို့ ထပ်မံ သတိပေးထားပါတယ်။



MDY-PDF ကရဲဘော်တွေ အသုံးပြုဖို့အတွက် လိုအပ်နေတဲ့ အရှည် နှစ်ချောင်း ဝယ်ယူနိုင်ဖို့ “နိုင်အောင်လည်းလှူ၊ နိုင်အောင်လည်းကူ” Campaign ပြုလုပ်ထားပြီး ဩဂုတ်လ (၂၆)ရက်ကနေ စက်တင်ဘာလ (၉)ရက်အထိ (၁၅)ရက်အတွင်း မျှော်မှန်းအလှူငွေ ကျပ်သိန်း လေးရာ ရရှိဖို့အတွက် ပြည်သူတွေကို အကူအညီ တောင်းခံထားပါတယ်။



( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)



#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အမှတ်၁၁ရဲစခန်း #ဗုံးထုတိုက်ခိုက်ခံရ #MDY-PDF 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ