မြင်းမူမြို့ရှောင်လမ်းမှာ စစ်ကားတန်းကို ပဒေသာမိုင်း ငါးလုံးနဲ့ ဖောက်ခွဲ၊ စကစ ကင်းပုန်းတွေက ရမ်းကားပစ်ခတ်ပေမယ့် ရဲဘော်တွေ အောင်မြင်စွာ ဆုတ်ခွာနိုင်၊

မြင်းမူမြို့ရှောင်လမ်းမှာ စစ်ကားတန်းကို ပဒေသာမိုင်း ငါးလုံးနဲ့ ဖောက်ခွဲ၊ စကစ ကင်းပုန်းတွေက ရမ်းကားပစ်ခတ်ပေမယ့် ရဲဘော်တွေ အောင်မြင်စွာ ဆုတ်ခွာနိုင်၊

MFP ၊ သြဂုတ် - ၁၂

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် မြို့ရှောင်လမ်းမှာ ဒီမနက်ပိုင်း မုံရွာဘက်က လာတဲ့ အကြမ်းဖက် စစ်အုပ်စုရဲ့ ကားအစီး (၂၀)ပါ ယာဉ်တန်းကို ပဒေသာမိုင်းနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ (၁၂)စီးမြောက်ကား မိုင်းထိပြီး ထိုးရပ်သွားတယ်လို့ ZERO ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)က သတင်း ထုတ်ပြန်ပါတယ်။

"ရပ်သွားတဲ့ကားက တုန့်ရပ်သွားတာပေါ့။ ထိခိုက်တဲ့ပုံတော့ ရတယ်။ တုန့်ရပ်သွားပြီးတော့ ကားကိုတော့ ဆက်မောင်းသွားတယ်။ ကားပေါ်ကနေပြီး အမလေးဗျ ဘာညာနဲ့ အော်သံတွေတော့ ကျနော်တို ကြားလိုက်ရတာပေါ့နော်။ ထိခိုက်သေဆုံးရှိမယ်လို ယူဆပါတယ်။ ဘာလိုဆို ကျနော်တိုမိုင်းတွေက (ပေါက်ကွဲအား)ပြင်းတယ်လေ"လို မြင်းခြံ ZERO ပြောက်ကျားတပ် တော်လှန်ရေး ရဲဘော်တစ်ဦးက MFP ကို ပြောပါတယ်။

ဒီနေ့ သြဂုတ်(၁၂)ရက် မနက်(၄)နာရီကျော်က မြင်းမူမြို့ရှောင်လမ်းမှာ စစ်အုပ်စုရဲ့ ကားတန်းကို ပဒေသာမိုင်း ငါးလုံးနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“စခယာဉ်တန်း အစီး(၂၀)အား မြင်းမူ မြို့ရှောင်လမ်းတွင် ပဒေသာမိုင်း ငါးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ (၁၂) စီးမြောက်ကားမှာ ထိုးရပ်သွားပြီး ငြီးညူသံများ ကြားခဲ့ပါသည်။ ထိခိုက်သေဆုံးမူများ ရှိနိုင်သော်လည်း ကင်းပုန်းများမှ အဆက်မပြတ် ပစ်ခတ်မူကြောင့် မိုင်းတပ်သားများ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ပါသည်” လို့ ZERO ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)က ဖော်ပြပါတယ်။

အဲ့ဒီ တိုက်ခိုက်မူကို ZERO ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)၊ DOG KILLER၊ ZERO POWER တော်လှန်ရေး အင်အားစု(စစ်ကိုင်းတိုင်း)နှင့် G4G PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

စစ်ကိုင်း - မုံရွာ - ရွှေဘို ကားလမ်းတလျှောက် နေ့စဉ် ဖြတ်သန်းသွားလာနေတဲ့ အကြမ်းဖက် စစ်အုပ်စုရဲ့ ယာဉ်တွေကို ဒေသကာကွယ်ရေး တပ်ဖွဲ့တွေကလည်း ပြောက်ကျားနည်းနဲ့ ရသလို တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မုံရွာ #မြင်းမူ #ကား #မိုင်း #ZERO #မြင်းခြံ #PDF

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ