မတ္တရာက အုပ်စုအုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းခံရ

မတ္တရာက အုပ်စုအုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းခံရ

MFP ၊ ဩဂုတ် - ၄

မန္တလေးတိုင်း မတ္တရာမြို့နယ် ပိုဝအုပ်စု အုပ်ချုပ်ရေးမှူး ဦးခင်ဇော်ကို ဒီမနက်ပိုင်းမှာ သေနတ်နဲ့ ပစ်ခတ်ရှင်းလင်းခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်အုပ်စုရဲ့ သတင်းပေးမလုပ်ဖို့ သတိပေးခံထားရတဲ့သူဖြစ်ပြီး ဒီမနက် (၈)နာရီလောက်က ရွာထိပ်ဘုရားအနီးမှာ သေနတ်နဲ့ သုံးချက် အပစ်ခံခဲ့ရကာ ပွဲချင်းပြီး သေဆုံးသွားတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

လက်ရှိမှာတော့ စစ်အုပ်စုက ရောက်လာပြီး စစ်ဆေးနေတယ်လို့လည်း ဆိုပါတယ်။

ဘယ်အဖွဲ့အစည်းက ပစ်ခတ်သွားတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

မြင်းခြံနယ်က စကစခန့်အုပ်ကြီးနဲ့ ပျူစောထီးတစ်ယောက်တို့ကိုလည်း မနေ့ညပိုင်းမှာ ရှင်းလင်းခဲ့တယ်လို့ မြင်းခြံ MGPDF က သတင်းထုတ်ပြန်ထားပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မတ္တရာ #အုပ်စုအုပ်ချုပ်ရေးမှူး

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ