မန္တလေးမှာ စစ်ကောင်စီ သစ္စာခံ ပျူတစ်ယောက် အချင်းချင်း ပြန်သတ်ခံရ၊

မန္တလေးမှာ စစ်ကောင်စီ သစ္စာခံ ပျူတစ်ယောက် အချင်းချင်း ပြန်သတ်ခံရ၊

MFP ၊ အောက်တိုဘာ - ၂၇

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်အဝိုင်းအနီး၊ (၇၄)လမ်းနှင့် (၁၁၉)လမ်းအနီးမှာ မနေ့က ညနေပိုင်း အမျိုးသားတစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရပြီး ပွဲချင်းပြီး သေဆုံးတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သေဆုံးသူဟာ စစ်ကောင်စီ သစ္စာခံ ပျူအဖွဲ့ဝင်ဖြစ်ပြီး ပျူ အချင်းချင်း မကျေနပ်လို့ ပြန်သတ်သွားတာလို့ သတင်းကြားရကြောင်း ဒေသခံတွေက ဆိုပါတယ်။

အောက်တိုဘာ(၂၆)ရက် ညနေ(၆)နာရီကျော်က မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြိုနယ်၊ ငွေတော်ကြည်ကုန်းရပ်ကွက်၊ (၁၁၉)လမ်းနှင့် (၁၂၀)လမ်းကြား၊ (၇၄)လမ်းမှာ ဆိုင်ကယ်စီး သွားလာနေတဲ့ အမျိုးသားတစ်ဦးကို ဆိုင်ကယ်နဲ့ နှစ်ယောက်က သေနတ်နဲ့ လေးချက် ပစ်ခတ်သွားတာကြောင့် ပွဲချင်းပြီး သေတယ်လို့ ဆိုပါတယ်။

သေဆုံးသူဟာ စစ်အုပ်စု သစ္စာခံ ပျူအဖွဲ့ဝင် သတင်းပေး တစ်ယောက်ဖြစ်ပြီး ပျူအချင်းချင်း ရန်ငြိုးကြောင့် သတ်သွားတာလို့ မန္တလေး မြေပြင်ကင်းထောက် Vomdy က ဖော်ပြပါတယ်။

စစ်လော်ဘီတွေကတော့ PDF တွေက သတ်တာလို့ သတင်းမှား ဖြန့်ပါတယ်။ အဲ့ဒီ ပျူအဖွဲ့ဝင် သေဆုံးပြီးနောက် စစ်အုပ်စုက ချက်ချင်းရောက်လာပြီး လမ်းသွားလမ်းလာတွေကို အော်ဟစ်ဆဲဆို ရန်ပြု သောင်းကျန်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မန္တလေးမြို့သစ်၊ ကံကြီးအုပ်၊ ဇီးအုပ်မှာ စစ်ကောင်စီ လက်သပ်မွေးထားတဲ့ ပျူတွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ခိုးရာပါ ပစ္စည်း အဝေမတည့်ဖြစ်ရာက စစ်အုပ်စုက ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ဖမ်းဆီးပြီ ပျူအဖွဲ့ဝင်ကို အုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်ခဲ့ပါတယ်။

မန္တလေးမြို၊ တံခွန်တိုင်အဝိုင်းအနီးမှာ အချင်းချင်း ပြန်သတ်ခံရတဲ့ ပျူတစ်ယောက်/Photo - S

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #တံခွန်တိုင် #ပျူ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ