MFP ၊ စက်တင်ဘာ - ၂
မန္တလေးမှာ CDM ဝန်ထမ်းတွေကို ဥပဒေမဲ့ ဖမ်းဆီးအရေးယူတာတွေ လုပ်ဆောင်နေတဲ့အတွက် စစ်အုပ်စုလက်အောက်ခံ ဆရာ၊ ဆရာမတွေအနီးကို သတိပေးဖောက်ခွဲမှု လုပ်ဆောင်ခဲ့တယ်လို့ Myanmar Revolution Rangers Force - MRRF က ဒီနေ့ထုတ်ပြန်ပါတယ်။
မန္တလေးမြို့သစ် ၁၂၅ လမ်းနဲ့ ၅၆ လမ်းထောင့်က Non CDM ဆရာ၊ ဆရာမတွေ နေထိုင်တဲ့နေရာအနီးမှာ ဒီမနက် (၆)နာရီခွဲလောက်က သတိပေးဖောက်ခွဲခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
“ အကြမ်းဖက်စစ်ကောင်စီအနေနဲ့ CDM အများစုကို အရေးယူဖိနှိပ်မူတွေ
ပြုလုပ်နေမယ်ဆိုရင် သူ့လက်အောက်ခံ NonCDM သမားများ အသက်အန္တရာယ် လုံခြုံရေးကို တာဝန်ယူမူ အာမမခံတော့ဘူးလို့ သတိပေးလိုပါတယ် “ လို့ MRRF တာဝန်ခံက ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို MRRF ရဲ့ ခေါင်းဆောင် ဗိုလ်အောင်မြေ ကျဆုံးမှု တစ်လပြည့်အဖြစ် လုပ်ဆောင်ခဲ့တာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။
ဗိုလ်အောင်မြေဟာ ပြီးခဲ့တဲ့ ဩဂုတ်လ (၁)ရက်က မန္တလေးမြို့ပေါ်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး အဲဒီနေ့မှာပဲ စစ်အုပ်စုက သ-တ်ဖြ-တ်ခဲ့တယ်လို့ စစ်လော်ဘီတွေက သတင်းတွေ ထုတ်ပြန်ထားပါတယ်။
အဲဒီနောက် MRRF ကို ကျန်တဲ့အဖွဲ့သားအချို့က ပြန်လည်ဖွဲ့စည်းလုပ်ဆောင်နေတာဖြစ်တယ်လို့ တာဝန်ခံက ပြောပါတယ်။
#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #NonCDM #သတိပေးဖောက်ခွဲ
မန္တလေးမှာ စစ်ကောင်စီက CDM ဝန်ထမ်းတွေကို ဖမ်းဆီးနေတာကြောင့် Non CDM တွေကို သတိပေးဖောက်ခွဲဟုဆို
Featured
သြဂုတ်လ 25, 2024
သြဂုတ်လ 17, 2024
ဇွန်လ 23, 2024