စစ်ကိုင်း ဆင်မြေရွာက စစ်ကောင်စီ ပျူအဖွဲ့ဝင် ဆိုသူ နှစ်ယောက်ကို ဇေယျာညီနောင်အဖွဲ့က ရှင်းလင်း၊ အိမ်မှာ မတွေ့တဲ့ အခြား ပျူနှစ်ယောက်ကိုလည်း အလင်းဝင်ဖို့ သတိပေး၊

စစ်ကိုင်း ဆင်မြေရွာက စစ်ကောင်စီ ပျူအဖွဲ့ဝင် ဆိုသူ နှစ်ယောက်ကို ဇေယျာညီနောင်အဖွဲ့က ရှင်းလင်း၊ အိမ်မှာ မတွေ့တဲ့ အခြား ပျူနှစ်ယောက်ကိုလည်း အလင်းဝင်ဖို့ သတိပေး၊

MFP ၊ စက်တင်ဘာ - ၁၆

စစ်ကိုင်းမြို့နယ် ဆင်မြေကျေးရွာနေ စစ်ကောင်စီ ပျူအဖွဲ့ဝင် နန်းအောင်သူနှင့် ဖြိုးမင်းသူတို့ကို မနေ့က ညပိုင်းမှာ နေအိမ်အထိ သွားရောက်ပြီး ရှင်းလင်းခဲ့တယ်လို့ စစ်ကိုင်းမြို့ မြို့ပြပြောက်ကျား အဖွဲ့တစ်ဖွဲ့ ဖြစ်တဲ့ ဇေယျာညီနောင် က သတင်း ထုတ်ပြန်ပါတယ်။

စက်တင်ဘာ(၁၅)ရက် မနေ့ညက စစ်ကိုင်းမြို့နယ် ဆင်မြေရွာနေ စစ်အုပ်စုနှင့် ပူးပေါင်းပြီး ပြည်သူကို ရန်ပြု သောင်းကျန်းနေတဲ့ စစ်ကောင်စီ ထောက်တိုင် ပျူအဖွဲ့ဝင် နှစ်ဦးကို ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။

“စကစ ဒေါက်တိုင် ပျူအဖွဲ့ဝင် ဒလန် နန်းအောင်သူ သည် ၎င်း၏သမီး မင်္ဂလာပွဲ ကျင်းပရန် လုံခြုံရေးအဖြစ် စစ်ကောင်စီ တပ်သား အင်အား (၂၀) ကို နှစ်ညတာ ညအိပ်ခေါ်စေ၍ မင်္ဂလာပွဲ ကျင်းပခဲ့သည်ကို အခိုင်အမာ တွေ့ရှိခဲ့ရသည်။ အကြောင်းပြချက် (၂) ဆင်မြေကျေးရွာအတွင်းရှိ ဈေးဆိုင်တစ်ဆိုင်မှ ပစ္စည်းများကို စကစ အဖွဲ့နှင့် ပူးပေါင်း၍ အဓမ္မ ယူဆောင်သွားခြင်းများ ပြုလုပ်ခဲ့သည်။ နန်းအောင်သူ၏ သတင်းပေးမှုကြောင့် နွေဦးတော်လှန်ရေး လှုပ်ရှားသူ ဒီမိုကရေစီ ဘက်တော်သားများ အချို့ ဖမ်းဆီးခံခဲ့ရပြီး အချို့မှာ တိမ်းရှောင်နေကြရသည်။ အထက်ပါ ခိုင်မာသည့် အကြောင်းပြချက်များဖြင့် နွေဦးတော်လှန်ရေး လှုပ်ရှားမှု ၏ ခလုတ်ကန်သင်း ဖြစ်သော စကစ ဒေါက်တိုင် ပျူအဖွဲ့ဝင် ဒလန် နန်းအောင်သူ ကို ဇေယျာညီနောင် ပြောက်ကျားတပ်ဖွဲ့က ယနေ့ပင် ဤမြေပေါ်မှ အပြီးတိုင် ဖယ်ရှားပေးခဲ့ပြီ ဖြစ်သည်” လို့ ဇေယျာညီနောင်က ဖော်ပြပါတယ်။

အလားတူ ဖြိုးမင်းသူ ကိုလည်း စစ်ကောင်စီ ပျူအဖွဲ့ဝင်အဖြစ် လုပ်ဆောင်နေလို့ ရှင်းလင်းတာလို့ ဆိုပါတယ်။

“စကစ ဒေါက်တိုင် ပျူအဖွဲ့ဝင် ဖြိုးမင်းသူ သည် ပျူခေါင်းဆောင်သိန်းကျော် (ခ) စိမ်းတုံး ထံ တော်လှန်ရေး အင်အားစုများ၏ လှုပ်ရှားမှု သတင်းများကို ပေးပို့၍ စကစ ဒေါက်တိုင် အဖြစ် ရှိနေခဲ့ပြီး သိန်းကျော်(ခ) စိမ်းတုံး အား ဇေယျာညီနောင်မှ ဖားကန့်အထိ လိုက်လံ ရှင်းလင်းပြီးနောက်ပိုင်းတွင် ပျူ အဖွဲ့ဝင် နန်းအောင်သူ နှင့် ချိတ်ဆက်၍ စစ်ကောင်စီ ဒေါက်တိုင်အဖြစ် ဆက်လက် လုပ်ဆောင်နေကြောင်း အခိုင်အမာ တွေ့ရှိရသည့်အတွက် ယနေ့မနက်တွင်ပင် ပျူအဖွဲ့ဝင် ဒလန် ဖြိုးမင်းသူအား ဇေယျာ ညီနောင်မှ တစ်ဆက်တည်း ရှင်းလင်းခဲ့ပြီး ဖြစ်သည်” လို့ ဇေယျာညီနောင်က ဆိုပါတယ်။

ဒါ့အပြင် ဆင်မြေကျေးရွာနေ စစ်ကောင်စီ သတင်းပေးဆိုသူ အေးကျော်နှင့် ကုလားကြီးတို့ နေအိမ်ကိုလည်း ဇေယျာညီနောင်အဖွဲ့က ဝင်ရောက်ရှာဖွေခဲ့ရာ လူမတွေ့ခဲ့ကြောင်းနှင့် စစ်အုပ်စု သတင်းပေးအဖြစ်က နှုတ်ထွက်ပြီး အလင်းဝင်ဖို့ သတိပေးတယ်လို့ ဆိုပါတယ်။

စစ်ကိုင်းမြို့မှာ စစ်အုပ်စုက ဒေသခံပြည်သူတွေကို ဖမ်းဆီး ညှဉ်းပန်း သ-တ်-ဖြတ်ပြီး အလောင်းတွေ လမ်းဘေးစွန့်ပစ်တာတွေ လုပ်နေသလို စစ်အုပ်စုနှင့် ဆက်နွှယ်သူတွေလည်း ပစ်မှတ်ထား တိုက်ခိုက်ခံနေရတာ ဖြစ်ပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ဆင်မြေရွာ #ဇေယျာညီနောင်

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ