MFP ၊ သြဂုတ် - ၁၂
စစ်ကိုင်းတိုင်း၊ ကသာခရိုင် ဗန်းမောက်မြို့နယ် ထွေအုပ်ရုံးကို ဒီနေ့ မနက်ပိုင်းမှာ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက စီးနင်းဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စကစရဲ့ ဗိုလ်မှူါ် ကျော်မင်းဟန်ဆိုသူ သေတယ်လို့ ဗန်းမောက် တော်လှန်ရေးအဖွဲ့ - BR Team က သတင်း ထုတ်ပြန်ပါတယ်။
ဒီနေ့ သြဂုတ်(၁၂)ရက် မနက်(၉)နာရီကျော်က ဗန်းမောက်မြို့နယ် ထွေအုပ်ရုံးကို PDF နှင့် ပကဖ ပူးပေါင်းတပ်တွေက စီးနင်းဝင်ရောက် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“ဗန်းမောက် PDF ၊ ပကဖ များမှ မြို့နယ်ထွေအုပ်ရုံးကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ဗိုလ်မှူး ကျော်မင်းဟန် နေရာတွင် သေဆုံးသွားကြောင်း သတင်းရရှိပါသည်။ အပြန်အလှန် ပစ်ခတ်မှုများကြောင့် မိမိတို့ ပြည်သူ့ကာကွယ်ရေး တပ်များဘက်မှ တစ်ယောက် တင်ပါးနှင့် ဖနောင့် ကျည်ထိဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ပါသည်” လို့ ဗန်းမောက် BR Team က ဖေ ာ်ပြပါတယ်။
ဗန်းမောက်ထွေအုပ်ရုံး စီးနင်းတိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်နှင့် ပတ်သက်ပြီး MFP အနေနဲ့ အသေးစိတ် အခြေအနေတွေကိုတော့ မသိရသေးပါဘူး။
အာဏာသိမ်း စစ်အုပ်စုဟာ မြို့နယ်အဆင့် ကောင်စီတွေမှာ စကစ ဗိုလ်အဆင့် နှစ်ယောက်ကို ထည့်သွင်းထားပြီး ထွေအုပ်ရုံးမှာ ရုံးထိုင် တစ်ယောက်နဲ့ လုံခြုံရေးအတွက် တစ်ယောက် ထည့်သွင်းထားတာ ဖြစ်ပါတယ်။
ကချင်နှင့် စစ်ကိုင်းတိုင်းအစပ် ဗန်းမောက်နယ်ထဲမှာ ယခုရက်ပိုင်းအတွင်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပြီး သြဂုတ်(၁၀)ရက်ကလည်း ဗန်းမောက်နယ်ထဲ ရွာစဉ်ပတ်မွှေ သောင်းကျန်းကာ ပေကုန်းရွာအနီး အထိုင်ချနေတဲ့ စစ်အုပ်စုကို KIA+PDF+ပကဖ ပူးပေါင်းတပ်တွေက နှစ်ကြိမ် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ စကစတွေ အသေအပျောက် အများအပြား ရှိခဲ့တယ်လို့ ဗန်းမောက် BR Team က ဖော်ပြပါတယ်။
စစ်ကိုင်းတိုင်း ကသာခရိုင် ဗန်းမောက်မြို့နယ် ထွေအုပ်ရုံး/Photo – SNV
( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)
#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ဗန်းမောက် #ထွေအုပ်ရုံး #တိုက်ပွဲ #ပကဖ #PDF