သပိတ်ကျင်း (၁၃)တပ်က ဗိုလ်မှူး မျိုးမင်းဦး အပါအဝင် စကစ သုံးယောက်ကို သု-တ်-သင်၊ သေနတ်သုံးလက် ရရှိ၊ စစ်အုပ်စုက သပိတ်ကျင်းနယ်ထဲ အင်အားဖြည့်ကာ သောင်းကျန်းမယ့် အခြေအနေရှိ၊

သပိတ်ကျင်း (၁၃)တပ်က ဗိုလ်မှူး မျိုးမင်းဦး အပါအဝင် စကစ သုံးယောက်ကို သု-တ်-သင်၊ သေနတ်သုံးလက် ရရှိ၊ စစ်အုပ်စုက သပိတ်ကျင်းနယ်ထဲ အင်အားဖြည့်ကာ သောင်းကျန်းမယ့် အခြေအနေရှိ၊

MFP ၊ စက်တင်ဘာ - ၁၉

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ချောင်းကြီးကျေးရွာ ရွှေလုပ်ကွက်တွေအနီးမှာ အမှတ်(၁၃) တန်းမြင့်လေးကျင့်ရေးကျောင်း လှုပ်ရှားစစ်ကြောင်းမှူး ဗိုလ်မှူး မျိုးမင်းဦး အပါအဝင် စကစ သုံးယောက် သု-တ်-သင်ခံရပြီးနောက် စစ်အုပ်စုက အင်အားတိုးပြီး ဒေသခံတချို့ကို ရန်ပြု သောင်းကျန်း စစ်ဆေးတာတွေ စတင် လုပ်ဆောင်နေပြီလို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

မနေ့က စက်တင်ဘာ(၁၈)ရက် ညနေ(၅)နာရီကျော်က သပိတ်ကျင်းနယ် ချောင်းကြီးရွာ အရှေ့ဘက်က မီးလမ်း ရွှေလုပ်ကွက်ဘက် ကားနဲ့ လာတဲ့ သပိတ်ကျင်း (၁၃) တပ်ခေါ် အမှတ်(၁၃) တန်းမြင့်လေးကျင့်ရေးကျောင်း၊ လှုပ်ရှားစစ်ကြောင်းမှူး ဗိုလ်မှူး မျိုးမင်းဦး အပါအဝင် စကစ သုံးယောက်ကို သပိတ်ကျင်း ဗိုလ်လင်းယုန် တပ်ဖွဲ့က ကြားဖြတ် တိုက်ခိုက် သု-တ်-သင်ခဲ့ပြီး သေနတ် သုံးလက် သိမ်းဆည်း ရရှိခဲ့တယ်လို့ ဗိုလ်လင်းယုန်တပ်ဖွဲ့က သတင်း ထုတ်ပြန်ထားပါတယ်။

ဒီမနက်ပိုင်းမှာတော့ စစ်အုပ်စုဟာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့ နေရာအနီး တောတိုးပြီး မွှေနှောက်နေသလို ဒီမနက် (၁၀)နာရီခွဲမှာလည်း ချောင်းကြီးကျေးရွာက လက်ဘက်ရည်ဆိုင် ထိုင်နေသူတွေ အပါအဝင် ဒေသခံ ပြည်သူတွေကို ရန်ပြု စစ်ဆေးတာ၊ ဖုန်းတွေကို စစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့ သပိတ်ကျင်းတော်လှန်ရေးအဖွဲ့ - TR Team က ဖော်ပြပါတယ်။

သပိတ်ကျင်း (၁၃)တပ်က ဗိုလ်မှူး မျိုးမင်းဦး အပါအဝင် စကစ သုံးယောက်ကို သု-တ်-သင်ရှင်းလင်းခဲ့တာနဲ့ ပတ်သက်ပြီး အဲ့ဒီ စကစတွေဟာ ရွှေတူးဖော်ရေး လုပ်ကိုင်နေတဲ့ ကုမ္မဏီက ငွေပေးပြီး ခိုင်းစေတာကြောင့် ဒေသခံပြည်သူတွေကို ရန်ပြုဖို့ ကားနဲ့ လာရောက်ချိန် ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ သပိတ်ကျင်း ဗိုလ်လင်းယုန် တပ်ဖွဲ့က သတင်း ထုတ်ပြန်ထားပါတယ်။

“သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာအရှေ့ဘက် မီးလမ်းရွှေလုပ်ကွက် အနီးတွင် စက်တင်ဘာ(၁၈)ရက် ညနေ(၅)နာရီခွဲအချိန် ရွှေစုစုသန်း ကုမ္ပဏီမှ စွန့်ပစ်ထားသော ပစ်စာများအား ရွာသူရွာသားများမှ ကျုံးယူနေသည်ကို ကုမ္ပဏီမှ ငွေပေး၍ ခြိမ်းခြောက်မောင်းထုတ်ရန် ခေါ်ထားသော တန်းမြင့်လေးကျင့်ရေး ( ၁၃ တပ် ) လှုပ်ရှားစစ်ကြောင်းမှူး ဗိုလ်မှူး မျိုးမင်းဦး၊ အရာခံဗိုလ်တစ်ဦးနှင့် ယဉ်မောင်းစစ်သားတစ်ဦးတို့ လိုက်ပါလာသော ကားအား ကျွန်ုပ်တို့ သပိတ်ကျင်းမြို့နယ် ဗိုလ်လင်းယုန် ကာကွယ်ရေးတပ်ဖွဲ့မှ အနီးကပ် ပစ်ခတ်တိုက်ခိုက်ရာ ကားရောလူပါ ဇကာပေါက်ဖြစ်၍ ကိစ္စချောသွားစေခဲ့သည်။ ၎င်းမစ်ရှင်တွင် MA-3 သေနတ်နှစ်လက်၊ MA- 1 သေနတ်တစ်လက်၊ 5.56 ကျည် (၄၁၃ တောင့်)၊ 9 မမ ကျည် (၁၃ တောင့်)၊ အီနာဂါဗုံးသီး (၈ လုံး)နှင့် 5.56 ကျည်ဘောက်(၂ ခု) တို့အားသိမ်းဆည်းရမိခဲ့ပါသည်။သို့သော်လည်း ဗိုလ်လင်းယုန်ကာကွယ်ရေးအဖွဲ့သားများ၏ ပြင်းထန်လွန်းသော တော်လှန်ရေးစိတ်ဓာတ်ကြောင့် MA-3 သေနတ်တစ်လက်နှင့် MA-1 တစ်လက်မှာ ကျည်ဆံထိမှန်၍ ချို့ယွင်းခဲ့ရသည်” လို့ ဗိုလ်လင်းယုန် ကာကွယ်ရေး တပ်ဖွဲ့က ဖော်ပြပါတယ်။

ဒါ့အပြင် ဒီနေ့ စက်တင်ဘာ(၁၉)ရက် မနက်(၇)နာရီခွဲမှာ စဉ့်ကူးမြို့ကနေ ဖောကားနှစ်စီးနဲ့ စစ်ကြောင်းထိုးဖို့ ချောင်းကြီးရွာဘက် တက်လာတဲ့ စစ်အုပ်စုကိုလည်း ထောက်ကြံ့ကျေးရွာနှင့် ကျွဲဘုံး ကျေးရွာကြားမှာ ပဒေသာမိုင်း (၁၀)လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ပြီး စခ ရှစ်ယောက် ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ ဗိုလ်လင်းယုန် အဖွဲ့က ထုတ်ပြန်ထားပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #သပိတ်ကျင်း #ရွှေလုပ်ကွက် #ဗိုလ်လင်းယုန်

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ