တန့်ဆည်နယ်ထဲ မွှေနေတဲ့ စစ်အုပ်စုနဲ့ ကံထူးမ ရဲစခန်းကို တိုက်ခိုက်ရာ စကစ (၁၁)ယောက် သေဟုဆို၊

တန့်ဆည်နယ်ထဲ မွှေနေတဲ့ စစ်အုပ်စုနဲ့ ကံထူးမ ရဲစခန်းကို တိုက်ခိုက်ရာ စကစ (၁၁)ယောက် သေဟုဆို၊

MFP ၊ အောက်တိုဘာ - ၂၀

စစ်ကိုင်းတိုင်း တန့်ဆည်နယ်ထဲ ရွာစဉ်ပတ်မွှေ လုယက် သောင်းကျန်းနေတဲ့ စစ်အုပ်စုနှင့် တန့်ဆည်နယ် ကံထူးမ ရဲစခန်းထဲက စစ်အုပ်စုကို မနေ့က အောက်တိုဘာ(၁၉)ရက်မှာ နှစ်ကြိမ် တိုက်ခိုက်ခဲ့ရာ စကစ (၁၁)ယောက် သေတယ်လို့ တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က သတင်း ထုတ်ပြန်ပါတယ်။

အောက်တိုဘာ(၁၉)ရက် မနက်ပိုင်းက တန့်ဆည်မြို့နယ်၊ ခရမ်းခြံရွာကနေ အနောက်မြောက်ဖက် ဦးတည်လာတဲ့ အင်အား(၁၀၀)ကျော်ပါသော စစ်အုပ်စုနှင့် ပျူတွေကို ရွှေဘိုခရိုင် တပ်ရင်း (၆)နှင့် (၇) တို့က စောင့်ကြိုတိုက်ခိုက်ရာ ထိတွေ့မှု နှစ်ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

"၎င်းထိတွေ့မှု ဖြစ်စဉ်တွင် စခပျူ ရှစ်ကောင် သေဆုံးပြီး အများအပြား ဒဏ်ရာရသွားပါသည်" လို့ တန့်ဆည် ပကဖ ကဖော်ပြပါတယ်။

အဲ့ဒီနောက် တန့်ဆည်နယ်၊ ကံထူးမနယ်မြေရဲစခန်းကို ရွှေဘိုခရိုင်တပ်ရင်း(၂၅)၊ စစ်ကိုင်း တပ်ရင်း(၃)၊ တန့်ဆည်မြို့နယ်(ပ.က.ဖ)၊ တို့က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စခန်းတွင်း ကျရောက် ပေါက်ကွဲပြီး စကစ ရဲသုံးယောက် သေကာ နှစ်ယောက် ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

"လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စခန်းတွင်း ကျရောက်ပေါက်ကွဲကာ ရခ သုံးကောင် သေဆုံးပြီး နှစ်ကောင် ဒဏ်ရာ ရခဲ့ပါသည်။ အောက်တိုဘာ(၂၀)ရက် နံနက်မှာ သေဆုံး ရဲ သုံးကောင်ကို သေနတ်ဖောက် မီးသဂြိုလ်ခဲ့ကြောင်း သတင်းရရှိခဲ့ပါတယ်" လို့ တန့်ဆည် ပကဖ က ဖော်ပြပါတယ်။

စစ်အုပ်စုဟာ တန့်ဆည်နယ်ထဲ ရွာစဉ်ပတ်မွှေကာ လူသတ်၊ လုယက်၊ ဓားပြတိုက်၊ မီးရှို့နေပြီး စစ်အုပ်စု မီးရှို့ဖျက်ဆီးလို့ အာဏာသိမ်းပြီးချိန်ကနေ အောက်တိုဘာ လဆန်းအထိ တန့်ဆည်နယ်ထဲ ကျေးရွာ (၆၆)ရွာက နေအိမ်အလုံး (၂၂၀၀)ကျော် မီးလောင်ပြာကျခဲ့ပြီး ဖြစ်ပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #တန့်ဆည် #ပကဖ #PDF #ကံထူးမ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ