ပခုက္ကူ အထည်ချုပ်စက်ရုံက စစ်အုပ်စုကို သွားရောက် တိုက်ခိုက်ရာ စကစ သုံးယောက်သေ၊ လက်နက်သွားကောက်တဲ့ PDF ရဲဘော်နှစ်ဦး ကျဆုံး၊

ပခုက္ကူ အထည်ချုပ်စက်ရုံက စစ်အုပ်စုကို သွားရောက် တိုက်ခိုက်ရာ စကစ သုံးယောက်သေ၊ လက်နက်သွားကောက်တဲ့ PDF ရဲဘော်နှစ်ဦး ကျဆုံး၊

MFP၊ စက်တင်ဘာ - ၁၁

မကွေးတိုင်း၊ ပခုက္ကူမြို့၊ ချောက်ကန်ရွာနှင့် ကိုးပင်ရွာကြား၊ အမှတ်(၁၁) အထည်ချုပ်စက်ရုံမှာ စီးနင်း အထိုင်ချနေတဲ့ စစ်အုပ်စုကို စက်တင်ဘာ(၈)ရက် နေ့လည်ပိုင်းက သွားရောက် တိုက်ခိုက်ခဲ့ရာ စကစ သုံးယောက် သေပြီး စကစ အလောင်းတွေဆီက သေနတ်ရဖို့ သွားကောက်ချိန်မှာ ပစ်ခတ်ခံရတာကြောင့် ပြည်သူ့ရဲဘော် နှစ်ဦး ကျဆုံးခဲ့ရတယ်လို့ ပခုက္ကူ Royal Defence Force - R.D.F (PKU) က သတင်း ထုတ်ပြန်ပါတယ်။

ရဲဘော်တွေအတွက် လက်နက်ရဖို့ သွားကောက်ခဲ့ရာက R.D.F အဖွဲ တိုက်ခိုက်ရေးခေါင်းဆောင် ဗိုလ်ဘငြိမ်းနှင့် ရဲဘော် မောင် Snake တို့ ကျဆုံးခဲ့တာလို့ ဆိုပါတယ်။

"ရဲဘော်တွေ လက်နက်ရစေရန် ရည်ရွယ်ပြီး အသက်ပေးသွားသော တိုက်ခိုက်ရေးခေါင်းဆောင် ဗိုလ်ဘငြိမ်း နှင့် ရဲဘော် မောင် Snake တိုအား လေးစားစွာ အလေးနီပြုပါသည် ။ မိမိတိုအဖွဲမှ စစ်ခွေး၊ရဲခွေး၊ ပျူခွေးများအား ဆက်လက်တော်လှန်တိုက်ခိုက်သွားပါမည်"လို RDF က ဆိုပါတယ်။

ဒါ့အပြင် အဲဒီတိုက်ပွဲမှာ တော်လှန်ရေး ရဲဘော်တစ်ဦး လက်မှာ မစိုးရိမ်ရ ဒဏ်ရာရခဲ့သလို ကျဆုံးရဲဘော် နှစ်ဦးနှင့်အတူ (M-3) သေနတ် တစ်လက်လည်း ဆုံးရှုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဖက်ဆစ်တပ် အမြစ်ဖြတ်ရေး တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေး အဖွဲအစည်းအများစုဟာ လက်လုပ်၊ ခါးချိုး သေနတ်တွေကို အားကိုးကာ တိုက်ခိုက်နေရပြီး လက်နက်ရဖို့ အခုလို အသက်ပေးနေရတာလို့ ဒေသကာကွယ်ရေး ရဲဘော်တွေက ပြောပါတယ်။

ပခုက္ကူမြိုနယ်၊ ချောက်ကန်ရွာအနီး အမှတ်(၁၁) အထည်စက်ရုံက စစ်အုပ်စု တိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုဘက်က သတင်းဖြန့်ရာမှာတော့ PDF တွေက လာရောက် ပစ်ခတ်လို့ ပြန်လည် ပစ်ခတ်ရာကနေ PDF အလောင်းနှစ်လောင်း၊ (MA-3) သေနတ်တစ်လက်၊ ကျည်(၂၈)တောင့်၊ (၁၂)ဗို့ကျည် နှစ်တောင့်၊ (MG) လက်ပစ်ဗုံး တစ်လုံး ရရှိတယ်လို့ ဆိုပါတယ်။

RDF(PKU) တပ်ဖွဲ့ အနေနဲ့ စစ်အုပ်စုကို ဆက်လက်တိုက်ခိုက်မှာမို့ အများပြည်သူ အနေနဲ့ စစ်အုပ်စုနှင့် အဝေးမှာ နေကြဖို့ မေတ္တာရပ်ခံ သတိပေးကြောင်း RDF က ထုတ်ပြန်ထားပါတယ်။

ပခုက္ကူ ချောက်ကန်ရွာ အထည်ချုပ်စက်ရုံ တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ ပြည်သူ့ရဲဘော် နှစ်ဦး/Photo – S

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မကွေး #မခုက္ကူ #RDF

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ