စစ်အုပ်စုအတွက် အသေခံသွားသူတွေရဲ့ ကျန်ရစ်သူတွေကို စစ်ကောင်စီက ကြက်ဥနဲ့ ကြက်သွန် ဝေငှပေး၊ မန္တလေးက အိမ်ထောင်စု (၄၀၀)ကို ဝေငှပေးခဲ့ဟုဆို၊

စစ်အုပ်စုအတွက် အသေခံသွားသူတွေရဲ့ ကျန်ရစ်သူတွေကို စစ်ကောင်စီက ကြက်ဥနဲ့ ကြက်သွန် ဝေငှပေး၊ မန္တလေးက အိမ်ထောင်စု (၄၀၀)ကို ဝေငှပေးခဲ့ဟုဆို၊

MFP ၊ စက်တင်ဘာ - ၂၄

အာဏာသိမ်း စစ်အုပ်စုအတွက် အသက် အသေခံသွားသူတွေရဲ့ ကျန်ရစ်သူ မိသားစုတွေကို စစ်ကောင်စီက ကြက်ဥနဲ့ ကြက်သွန် ဝေငှပေးခဲ့တယ်လို့ စစ်လော်ဘီတွေက သတင်းဖြန့်ပါတယ်။

စစ်အုပ်စုအတွက် အသေခံသွားသူတွေရဲ့ ကျန်ရစ်သူ မိသားစုတွေထဲက မန္တလေးမြို့နေ မိသားစု (၄၀၀)အတွက် ကြက်သွန် တစ်ပိဿာခန့်နှင့် ကြက်ဥ (၁၀)လုံးခန့် ဝေငှပေးတာ ဖြစ်ပြီး ဘယ်နေ့က ဘယ်နေရာ ခေါ်ပြီး ဝေပေးခဲ့တယ်ဆိုတာတော့ စစ်လော်ဘီတွေက မဖော်ပြပါဘူး။

“မန္တလေးမှာ နေထိုင်နေကြသည့် နိုင်ငံတော်အတွက် အသက်စွန့်လွှတ်ကာ ထမ်းဆောင်ခဲ့သည့် စစ်သည်များ၏ ကျန်ရစ်သူ မိသားစုများ အိမ်ထောင်စု (၄၀၀) အတွက် ကြက်ဥနှင့် ကြက်သွန်နီ ကူညီ ထောက်ပံ လှူဒါန်းမှု ပြုလုပ်ခဲ့ကြောင်း သိရှိရသည် “ လို့ စစ်လော်ဘီတွေက ဆိုပါတယ်။

အာဏာသိမ်းပြီးတဲ့နောက် စစ်အုပ်စုအတွက် အသေခံသွားတဲ့ လက်နက်ကိုင်တွေ အပြင် အုပ်ချုပ်ရေး အဖွဲ့ဝင်တွေ၊ သတင်းပေးတွေနှင့် ပျူတွေကိုလည်း စစ်ကောင်စီက ဆုတံဆိပ်ပေးတာ၊ ငွေကြေး ထောက်ပံ့တာလေးတွေ ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လကုန်ပိုင်းကလည်း အာဏာသိမ်း စစ်အုပ်စုက သူတို့ကို သ္စစာခံတဲ့ လက်နက်ကိုင်တွေကို သက်စွန့် တာဝန်စရိတ် (MHRA)အဖြစ် ယခင်က တစ်ရက် (၃၃၀)ကျပ်နှုန်းနဲ့ တစ်လ ကျပ်(၁၀၀၀၀) ပေးနေရာကနေ သြဂုတ်လကုန်က စတင်ပြီး တစ်ရက် ကျပ်(၁၀၀၀)နှုန်းနဲ့ တစ်လ ကျပ်(၃၀,၀၀၀) တိုးပေးမယ်လို့ ကြေညာထားပါတယ်။

အာဏာသိမ်း စစ်အုပ်စုကို သစ္စာခံတဲ့ လက်နက်ကိုင်တွေဟာ နိုင်ငံတဝန်းက စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ပြည်သူတွေကို ကလေးသူငယ်ပါမကျန် လိုက်လံ အကြမ်းဖက် သ-တ်-ဖြတ်ရင်း ဒေသကာကွယ်ရေး တပ်ဖွဲ့တွေရဲ့ တုန့်ပြန် တိုက်ခိုက်တာကို ခံရပြီး စကစတွေ နေ့စဉ် အသေအပျောက် ရှိနေတာ ဖြစ်ပါတယ်။

စစ်အုပ်စုအတွက် အသေခံ သွားသူတွေရဲ့ ကျန်ရစ်သူ မိသားစုတွေထဲက မန္တလေးမြို့နေ အိမ်ထောင်စု (၄၀၀)ကို စစ်ကောင်စီက ကြက်ဥနဲ့ ကြက်သွန် ဝေငှပေးစဉ်/Photo – S

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ထောက်ပံ့ကြေး #စစ်အုပ်စု #လက်နက်ကိုင်

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ