စစ်ကိုင်းတိုင်းမှာ ယခုလ ရက်(၂၀)အတွင်း စစ်အုပ်စုက ရွာ(၂၈)ရွာကို မီးရှို့ဖျက်ဆီး၊ ဒေသခံပြည်သူ (၃၀)ကျော်ကို သ-တ်-ဖြတ်၊

စစ်ကိုင်းတိုင်းမှာ ယခုလ ရက်(၂၀)အတွင်း စစ်အုပ်စုက ရွာ(၂၈)ရွာကို မီးရှို့ဖျက်ဆီး၊ ဒေသခံပြည်သူ (၃၀)ကျော်ကို သ-တ်-ဖြတ်၊

MFP ၊ စက်တင်ဘာ - ၂၁

စစ်ကိုင်းတိုင်းထဲ ရွာစဉ်ပတ်မွှေ အကြမ်းဖက် သောင်းကျန်းနေတဲ့ စစ်အုပ်စုဟာ ယခု စက်တင်ဘာလ ပထမ ရက်(၂၀)အတွင်း ကျေးရွာ(၂၈)ရွာက ပြည်သူ့နေအိမ်တွေကို ဝင်မွှေလုယက် မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံပြည်သူ (၃၀)ကျော်ကို သ-တ်-ဖြတ်ခဲ့ပါတယ်။

MFP က ရရှိထားတဲ့ အချက်အလက်တွေကို မှတ်တမ်းပြုစုခဲ့ရာမှာ စက်တင်ဘာ(၁)ရက်ကနေ (၂၀)ရက်အထိ စစ်အုပ်စုက စစ်ကိုင်းတိုင်းအတွင်း ကျေးရွာ(၂၈)ရွာက နေအိမ် အလုံး(၄၀၀)ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။

စစ်အုပ်စု မီးရှို့ဖျက်ဆီးခဲ့တဲ့ ကျေးရွာတွေထဲ ပုလဲနယ်က ရွာထင်ရွာ၊ တန့်ဆည်နယ်က ဂွေးကုန်းရွာ၊ အင်းဘတ်ရွာနဲ့ အိုးသည်ကုန်းရွာက မီးလောင်ပျက်စီးခဲ့တဲ့ အိမ်ခြေ အရေအတွက် အတိအကျကိုတော့ မသိရသေးပါဘူး။

ဒါ့အပြင် စစ်အုပ်စုဟာ ယခုလ ရက်(၂၀)အတွင်း ကလေးသူငယ်နှင့် အမျိုးသမီးတွေ အပါအဝင် စစ်ကိုင်းတိုင်းက ဒေသခံပြည်သူ ပြည်သူ(၃၃)ဦးကိုလည်း သတ်-ဖြတ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်းက မြို့နယ် အများစုကို စစ်အုပ်စုက ဖုန်းနှင့် အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားသလို လက်ရှိအချိန်ထိလည်း စစ်ကိုင်းတိုင်းထဲ ရွာစဉ်ပတ်မွှေ အကြမ်းဖက် သောင်းကျန်းကာ မီးရှို့၊ သ-တ်-ဖြတ် နေဆဲဖြစ်ရာ ဒေသခံတွေ ထွက်ပြေးရတာမို့ MFP က ရရှိတဲ့ မီးရှိုကခံရတဲ့ နေအိမ်အရေအတွက်နှင့် သေဆုံးသူ အရေအတွက်ဟာ မြေပြင် အခြေအနေနဲ့ အနည်းငယ် ကွဲလွဲမှု ရှိနိုင်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းထဲ စ်စအုပ်စုက မီးရှို့ဖျက်ဆီးခဲ့တဲ့ နေအိမ် အလုံး(၂၁,၀၀၀)ကျော်အထိ ရှိပြီ ဖြစ်ပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ကျေးရွာ #အိမ် #မီးရှို့ 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ