မိတ္ထီလာထောင်မှာ ထောင်ချခံရတဲ့ မီးရထား CDM ဝန်ထမ်းတစ်ဦး အချိန်မီ ဆေးကုခွင့်မရလို့ ကွယ်လွန်၊

မိတ္ထီလာထောင်မှာ ထောင်ချခံရတဲ့ မီးရထား CDM ဝန်ထမ်းတစ်ဦး အချိန်မီ ဆေးကုခွင့်မရလို့ ကွယ်လွန်၊

MFP ၊ စက်တင်ဘာ - ၂၃

မန္တလေးတိုင်း မိတ္ထီလာမြို့ အကျဉ်းထောင်မှာ စစ်အုပ်စုရဲ့ ဖမ်းဆီးတာကို ခ့ထား၇တဲ့ အသက် (၂၂) အရွယ် မီးရထား CDM ဝန်ထမ်းတစ်ဦး နာမကျန်းဖြစ်ပြီး အချိန်မီ ဆေးကုသခွင့်မရတဲ့အတွက် စက်တင်ဘာ(၁၈) ရက်က အကျဉ်းထောင် အတွင်းမှာပဲ ကွယ်လွန်ခဲ့ရတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

အာဏာသိမ်း စစ်အုပ်စုက ဖမ်းဆီးပြီး အကြမ်းဖက်မှု ဥပဒေ ပုဒ်မ ၅၂(က)နဲ့ ထောင်ဒဏ် ခုနှစ်နှစ် ချမှတ်ထားတဲ့ နိုင်ငံရေး အကျဉ်းသားလည်းဖြစ်သူ မီးရထား CDM ကိုဇော်လပြည့်(ခ) ဇွန်လပြည့်ဟာ စက်တင်ဘာ (၁၅) ရက်ကစပြီး နာမကျန်း ဖြစ်ခဲ့ပေမယ့် အချိန်မီ လုံလောက်တဲ့ ဆေးဝါးကုသခွင့် မရခဲ့ဘဲ အကျဉ်းထောင်ထဲမှာပဲ ကွယ်လွန်ခဲ့တာလို့ ဆိုပါတယ်။

ကိုဇော်လပြည့်ဟာ စက်တင်ဘာ(၁၅)ရက်က စတင်ပြီး အသက်ရှုမဝ၊ မောပန်းတဲ့ လက္ခဏာတွေကြောင့် စက်တင်ဘာ (၁၇) ရက်မှာ ထောင်ဆေးခန်းကို သွားရောက်ပြသခဲ့ရာ ဆေးထိုးပေးတာ၊ သောက်ဆေး ပေးတာတွေ ရှိခဲ့ပေမယ့် ပိုမိုမောပန်းပြီး အစားမဝင် ဖြစ်လာတယ်လို့ ဆိုပါတယ်။ အဲ့ဒီနောက် စက်တင်ဘာ (၁၈) ရက် မနက်(၇)နာရီအချိန် ထောင်ဆေးခန်းကို ထပ်မံ သွားရောက် ပြသရာမှာ ဆေးထိုးပေးပြီး “စိတ်ကြောင့်ဖြစ်နေတာ၊ ဘာမှမဖြစ်ဘူး” လို့ ပြောဆိုကာ ပြန်လွှတ်လိုက်ပြီး မသက်သာလို့ မနက် (၈) နာရီအချိန် ထပ်မံ သွားရောက် ပြသရာမှာ ထောင်ဆေးခန်း အစောင့်တာဝန်ကျ အကျဉ်းသား သုံးဦးက“ဟန်ဆောင်မနေနဲ့ အဆောင် ပြောင်းခံချင်တာလား”လို့ ခြိမ်းခြောက်ပြောဆိုပြီး ပြန်လွှတ်လိုက်တယ်လို့ ဆိုပါတယ်။ အဲ့ဒီနောက် ဆေးခန်းကအပြန် ခွေလဲကျသွားလို့ ဆေးခန်း ထပ်ပြတဲ့အခါ စစ်ဆေးမှုတွေ လုပ်ပေးပြီး အပြင်ဆေးရုံတင်ဖို့ စီစဉ်ပေးခဲ့ပေးမယ့် မနက်(၁၁)နာရီခွဲမှာ ကွယ်လါန်ခဲ့တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

CDM မီးရထားဝန်ထမ်း ကိုဇော်လပြည့် ကွယ်လွန်ခဲ့တဲ့ ဖြစ်စဉ်နှင့် ပတ်သက်ပြီး မိတ္ထီလာ အကျဉ်းထောင်တွင်းရှိ နိုင်ငံရေး အကျဉ်းသားတွေက အပြင်က မိတ်ဆွေတွေထံ စာတစ်စောင် ရေးသားပေူပို့ နိုင်ခဲ့ပြီး အဲ့ဒီ စာထဲမှာ ကိုဇော်လပြည့်ဟာ လုံလောက်တဲ့ အချိန်မီ ဆေးကုသခွင့် မရတဲ့အတွက် ကွယ်လွန်ခဲ့တဲ့အကြောင်း ဖော်ပြထားသလို အကျဥ်းထောင်အတွင်း စစ်ကောင်စီ သစ္စာခံ ထောင်ဝန်ထမ်းတွေကို နိုင်ငံရေး အကျဉ်းသားတွေကို အငြိူးထား ညှဉ်းပန်းနေတဲ့အကြောင်းတွေပါ ဖော်ပြထားပါတယ်။

“ ယခုဖြစ်စဉ်တွင် ထောင်တွင်း နိုင်/ကျဉ်း (နိုင်ငံရေးအကျဉ်းသာ)များအပေါ် ဖိနှိပ်မှု၊ အကျဉ်းသားတို့၏ ရပိုင်ခွင့် အခွင့်အရေးများကို ပိတ်ဆို့ထားမှု၊ ကျန်းမာရေး စောင့်ရှောက်မှု ကင်းမဲ့ခြင်းတို့ကြောင့် နိုင်ငံရေး အကျဉ်းသား မောင်ဇော်လပြည့်မှာ သေဆုံးခဲ့ရသည်။ ထို့အပြင် ထောင်ပိုင်နှင့် ဒု-တာဝန်ခံ အရာရှိ၊ ဝန်ထမ်းအားလုံးမှာ အကျင့်ပျက်ချစားမှု၊ အဂတိလိုက်စားမှုများ ပြုလုပ်လျက်ရှိသည်။ အဆောင်မှူး(**)၊ တပွင့်၊ ဒုဗိုလ်- လှိုင်မင်းထွန်း၊ ထောင်မှူး မြတ်ကိုကိုထွန်း၊ ထောင်ပိုင်(*)တို့မှာ အကျဉ်းသားများထံမှ မတရားသဖြင့် ငွေကြေးများ ကောက်ခံလျက်ရှိသည်။ ၎င်းတို့၏ မတရားသဖြင့် ကျူးလွန်မှုများကို အရေးယူပေးပါရန် အသိပေး တိုင်ကြားအပ်ပါသည် “ လို့ မိတ္ထီလာထောင်တွင်းက ပေးပို့တဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ စာမှာ ဖော်ပြထားပါတယ်။

ကိုဇော်လပြည့် ကွယ်လွန်ရတဲ့ ဖြစ်စဉ်နှင့် ပတ်သက်ပြီး “Accidetnial Case” နှလုံးအဆို့ရှင် ပိတ်ဆို့ကာ သေဆုံးခြင်း ဖြစ်ကြောင်း ထောင်အာဏာပိုင်တွေက ပြောဆိုတယ်လိုပလည်း မိတ္ထီလာထောင်ထဲက ပေးပို့တဲ့ စာမှာ ဖော်ပြထားပါတယ်။

ကိုဇော်လပြည့် ကွယ်လွန်တဲ့ ဖြစ်စဉ်နှင့်ပတ်သက်ပြီး မိတ္ထီလာထောင်တွင်းက နိုင်င့ရေး အကျဉ်းသားတွေက ဆန္ဒထုတ်ဖော်တဲ့အတွက် တိုက်ပိတ်ခံရတယ်လို့ သတင်းထွက်နေပေမယ့် အဲ့းီ ဖြစ်စဉ်နှင့် ပတ်သက်လို့တော့ MFP အနေနဲ့ အတည်မပြုနိုင်သေးပါဘူး။

စစ်အာဏာသိမ်းမှု ဆန့်ကျင်လို့ ဖမ်းဆီးထောင်ချခံရတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို စစ်အုပ်စုနှင့် စစ်ကောင်စီ သစ္စာခံ ထောင်ဝန်ထမ်းတွေက အငြိုးထား ဖိနှိပ်တာတွေ ဖြစ်ပေါ်နေပြီး မိတ္ထီလာ ထောင်မှာသာမက မြင်းခြံ၊ မန္တလေး၊ မုံရွာနှင့် ရန်ကုန် အင်းစိန်ထောင်တွေမှာ စစ်ကောင်စီ သစ္စာခံ ထောင်ဝန်ထမ်းတွေက နိုင်ငံရေး အကျဉ်းသားတွေအပေါ် ဥပဒေမဲ့ ဖိနှိပ်တာ၊ ညှဉ်းပန်းတာ၊ အလုပ်ခိုင်းစေတာတွေ ရှိနေတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မိတ္ထီလာ #ထောင် #နိုင်ကျဉ်း #CDM #ရထားဝန်ထမ်

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ