လက်ပံတောင်း ကြေးနီစီမံကိန်းအနီးမှာ ဖက်ဆစ်တပ် ထောင်ထားတဲ့ မိုင်း (၇၈)လုံး တွေ့ရှိ၊

လက်ပံတောင်း ကြေးနီစီမံကိန်းအနီးမှာ ဖက်ဆစ်တပ် ထောင်ထားတဲ့ မိုင်း (၇၈)လုံး တွေ့ရှိ၊

MFP ၊ သြဂုတ် - ၁၉

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အနီးဝန်းကျင်မှာ အာဏာသိမ်း ဖက်ဆစ်တပ်က ထောင်ထားတဲ့ နင်းမိုင်းတွေ အလုံး (၇၈)လုံးအထိ တွေ့ရှိခဲ့တယ်လို့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက သတင်း ထုတ်ပြန်ပါတယ်။

တရုတ်ရဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အနီးမှာ ဖက်ဆစ်တပ်က ထောင်ထားတဲ့ နင်းမိုင်းတွေကို Myanmar ချီဂွေဗားရားအဖွဲ့ ရဲဘော်တွေက တွေ့ရှိကာ သိမ်းဆည်းခဲ့တာဖြစ်ပြီး အဲ့ဒီမိုင်းတွေကို ဖက်ဆစ်တပ်ကို တိုက်ခိုက်ဖို့ ပြန်လည် အသုံးချမယ်လို့ ဆိုပါတယ်။

“လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီးနား တဝိုက်တွင် ရန်သူစစ်ကောင်စီ ထောင်ထားသော နင်းမိုင်းအလုံးရေ (၇၈)လုံးကို ရဲဘော်များက သိမ်းဆည်းရမိခဲ့ကြောင်း သတင်းထုတ်ပြန်အပ်သည်။ အဆိုပါ ကြေးနီ စီမံကိန်းအနီးတဝိုက်တွင် ရန်သူစစ်ကောင်စီ ထောင်ထားသော နင်းမိုင်းများကို ပြန်လည် အသုံးချသွားမည်” လို့ ဖော်ပြပါတယ်။

တရုတ် ကြေးနီစီမံကိန်း အစောင့်ကျ ဖက်ဆစ်တပ်ဟာ ပြီးခဲ့တဲ့ လတွေအတွင်း လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီးက ရွာတွေကို ဝင်မွှေလုယက် ဓားပြတိုက် မီးရှို့ကာ ဒေသခံ ပြည်သူတချို့ကိုလည်း ဖမ်းဆီး ညှဉ်းပန်း သ-တ်-ဖြတ်တာ၊ မီးရှို့ သ-တ်-ဖြတ်တာတွေ ကျူးလွန်ခဲ့ပါသေးတယ်။

No photo description available.

No photo description available.

ဖက်ဆစ်တပ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မကွေးတိုင်း၊ ဂန့်ဂေါနယ်၊ မြစ်သာဆည်ဘောင်ပေါ်မှာ မိုင်းတွေ ထောင်ထားလို့ ပြည်သူတွေ ဆည်ဘောင်ပေါ် အသွားအလာ မလုပ်ကြဖို့ ဒေသခံ အချင်းချင်း သတိပေးနေကြပါတယ်။

No photo description available.

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီး ဖက်ဆစ်တပ် ထောင်ထားတဲ့ မိုင်းတွေ/Photo - Myanmar ချီဂွေဗားရား

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မုံရွာ #လက်ပံတောင်း #ကြေးနီစီမံကိန်း #တရုတ် #PDF #မိုင်း

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ