အမရပူရမြို့နယ် ဝဲကြီးဆင်ရွာက အမျိုးသားတစ်ဦးကို စစ်အုပ်စုက ကားခြောက်စီးနဲ့ စီးနင်းဖမ်းဆီးသွား၊

အမရပူရမြို့နယ် ဝဲကြီးဆင်ရွာက အမျိုးသားတစ်ဦးကို စစ်အုပ်စုက ကားခြောက်စီးနဲ့ စီးနင်းဖမ်းဆီးသွား၊

MFP ၊ နိုဝင်ဘာ - ၁၀

မန္တလေးမြို့ အမရပူရမြို့နယ် ဝဲကြီးဆင်ရွာက ကိုအောင်မြင့်ဆွေ ဆိုသူကို ဓီညနေ (၅)နာရီကျော်မှာ စစ်အုပ်စုက စစ်ကားခြောက်စီးနဲ့ လာရောက်ဖမ်းဆီးသွားတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

“ကားခြောက်စီး အရပ်ဝတ်တွေနဲ့ လာဖမ်းသွားတယ်။ သူက အိမ်မှာမနေတာ ကြာပြီ။ အိမ်ပြန်လာတာ သုံးရက်ပဲ ရှိသေးတယ်။ ညနေက လာဖမ်းသွားတာ” လို့ နီးစပ်သူတစ်ဦးက MFP ကို ပြောပါတယ်။

ကိုအောင်မြင့်ဆွေကို စစ်အုပ်စုက ဖမ်းဆီးသွားချိန် အဖွားနှင့် သားသမီး သုံးဦး ကျန်ရစ်တယ်လို့ ဆိုပါတယ်။

ဘာကြောင့် ဖမ်းတယ်ဆိုတာ အတိအကျ မသိရသေးပေမယ့် ပြီးခဲ့တဲ့လက ဖမ်းဆီးခံရတဲ့ မန္တလေးမြို့ပြ ပြောက်ကျား MDY-PDF တပ်ဖွဲ့က ကိုဆိတ်ကြီးနဲ့ ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးတာလို့ စစ်အုပ်စုဘက်က သတင်းဖြန့်ကြောင်း နီးစပ်သူက ပြောပါတယ်။

အမရပူရမြို့နယ် ဝဲကြီးဆင်ရွာဟာ တောင်အင်းမြောင်အင်းအနီး၊ ဒုဠဝတီမြစ်ဘေးမှာ တည်ရှိတဲ့ ကျေးရွာဖြစ်ပါတယ်။

စစ်အုပ်စုဟာ မန္တလေးမြို့ခံတွေကို ဥပဒေမဲ့ ထင်တိုင်းကျဲ ဖမ်းဆီး ငွေညှစ်တာ၊ တချို့ကို ဖမ်းပြီး ညှဉ်းပန်း သတ်ဖြတ်တာတွေ စိတ်ထင်တိုင်း ကျူးလွန်နေတာ ဖြစ်ပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အညာ #အမရပူရ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ