မြင်းမူမှာ စကစ အကောင်ကြီးတွေ လိုက်ပါလာတဲ့ ပါဂျဲရိုးကားကို ပဒေသာမိုင်းနဲ့ ဖောက်ခွဲ၊ မိုင်းထိပြီး လမ်းဘေးထိုးရပ်သွားဟုဆို၊

မြင်းမူမှာ စကစ အကောင်ကြီးတွေ လိုက်ပါလာတဲ့ ပါဂျဲရိုးကားကို ပဒေသာမိုင်းနဲ့ ဖောက်ခွဲ၊ မိုင်းထိပြီး လမ်းဘေးထိုးရပ်သွားဟုဆို၊

MFP၊ သြဂုတ် - ၁၀

စစ်ကိုင်း - မုံရွာလမ်း၊ မြင်းမူနယ်မှာ အကြမ်းဖက် စစ်အုပ်စုရဲ့ ဗိုလ်မှူးအဆင့် တစ်ယောက်နှင့် ဗိုလ်ကြီး အဆင့် သုံးယောက် လိုက်ပါလာတဲ့ ပါဂျဲရိုးကားကို ဒီကနေ့ ညနေပိုင်း ပဒေသာမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို မြင်းမူမြိုနယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ - MMUPDF က သတင်း ထုတ်ပြန်ပါတယ်။

ဒီကနေ့ သြဂုတ် (၁၀)ရက် ညနေ(၃)နာရီခွဲကျော်က စစ်ကိုင်းကနေ မုံရွာဘက်လာတဲ့ အကြမ်းဖက် စစ်အုပ်စုရဲ့ အိမ်စီးကားကို မြင်းမူမြို့နယ်၊ ကန်ဖျားဇရပ်နဲ့ ထီးဆောင်းကြားမှာ မိုင်းဆွဲ တိုက်ခိုက်ခဲ့တာလို ဆိုပါတယ်။

စစ်အုပ်စုရဲ့ အကောင်ခပ်ကြီးကြီးတွေရဲ့ ကား လာမယ်ဆိုတာ ကြိုတင် သတင်းရတဲ့အတွက် သေချာပြင်ဆင်ပြီး ကားအလာကို စောင့်ကာ ဖောက်ခွဲတိုက်ခိုက်ခဲ့တာ ဖြစ်ကြောင်းနှင့် ကားကို မိုင်းထိတဲ့အတွက် မီးခိုးတွေ အူထွက်လာပြီး လမ်းဘေးထိုးရပ်သွားကာ စကစတွေ ထိခိုက်သေဆုံးတဲ့ အခြေအနေကိုတော့ အတိအကျ မသိရသေးဘူးလို မြင်းမူ - MMUPDF ရဲဘော်တစ်ဦးက MFP ကို ပြောပါတယ်။

"ကားကတော့ ထိထိမိမိပဲဗျ။ ထီးဆောင်းမှာ ခွေးတွေရှိနေတော့ ကျွန်တော်တိုလည်း (မိုင်း)ဆွဲပြီး ပြေးလာရတာဗျ"လို အဲဒီ ရဲဘော်က ဆိုပါတယ်။

စစ်ကိုင်း - မုံရွာ - ရွှေဘို ကားလမ်းတလျှောက်မှာ ယခုရက်ပိုင်း စစ်ကောင်စီ အကြမ်းဖက်သမားတွေ သောင်းကျန်းနေပြီး ဒီနေ့ မိုင်းဆွဲမယ့် မြင်းမူနယ်၊ ထီးဆောင်းနှင့် ကန်ဖျားရွာတွေဘက်မှာလည်း မနက်ပိုင်းကတည်းက အကြမ်းဖက် စစ်အုပ်စု အင်အား(၆၀)လောက် ကားနဲ့လာချသွားပြီး ညနေပိုင်းအထိ ထီးဆောင်းရွာမှာ ရှိနေကာ လမ်းသွားလမ်းလာတွေကို ဖမ်းဆီးငွေညှစ် သောင်းကျန်းနေတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲတွေက ဆိုပါတယ်။

စစ်ကိုင်း - မုံရွာ - ရွှေဘိုလမ်းမှာ စစ်အုပ်စု သောင်းကျန်းနေသလို ဒေသကာကွယ်ရေး တပ်ဖွဲ့တွေကလည်း စစ်အုပ်စုကို ရရာနည်းနဲ့ တိုက်ခိုက်နေပြီး ဇူလိုင်(၃၀)ရက်ကလည်း ပျူစောထီးနဲ့ စစ်အုပ်စု လိုက်ပါလာတဲ့ ကားကို ကန်ဖျားဇရပ်အနီးမှာ ဒေသကာကွယ်ရေးတပ်ဖွဲတွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စကစ လေးယောက် သေတယ်လို့ ဆိုပါတယ်။

ဒီနေ့ ညနေပိုင်း စကစ အကောင်ခပ်ကြီးကြီးတွေ လိုပ်ပါလာတဲ့ ပါဂျဲရိုးကား မိုင်းဆွဲ တိုက်ခိုက်မှုကို မြင်းမူ MMU PDF နှင့်အတူ Black Eagle Defence Force – MMU ၊ စစ်ကိုင်းခရိုင် PDF တပ်ရင်း(၆)၊ စစ်ကိုင်းခရိုင် PDF တပ်ရင်း(၇)နှင့် People Guerrilla Comando – MMU တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မြင်းမူ #မုံရွာ #ကား #မိုင်း #MMUPDF #PGCMMU

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ