ပျူတွေ ကြီးစိုးနေတဲ့ ကျွန်းလှမြို့မှာ မော်လဝီဆရာ သားအဖနှစ်ဦး အသ-တ်-ခံရ၊ မွတ်စလင်မ် သားအဖနှစ်ဦးကို PDF တွေက သ-တ်တာလို့ စစ်အုပ်စုက လှုံ့ဆော်သတင်းဖြန့်၊၊

ပျူတွေ ကြီးစိုးနေတဲ့ ကျွန်းလှမြို့မှာ မော်လဝီဆရာ သားအဖနှစ်ဦး အသ-တ်-ခံရ၊ မွတ်စလင်မ် သားအဖနှစ်ဦးကို PDF တွေက သ-တ်တာလို့ စစ်အုပ်စုက လှုံ့ဆော်သတင်းဖြန့်၊၊

MFP ၊ သြဂုတ် - ၂၈

စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင် ကျွန်းလှမြို့၊ သူဌေးကုန်းရပ်နေ မော်လဝီဆရာနှင့် အသက်မပြည့်သေးတဲ့ သားဖြစ်သူတို့ကို စစ်ကောင်စီ လက်ပါးစေ ပျူစောထီးလို့ ယူဆရသူတွေက သြဂုတ်(၂၅)ရက် ညပိုင်းမှာ ဖမ်းဆီး ခေါ်ဆောင်သွားပြီးနောက် သ-တ်-ဖြတ်ကာ အလောင်းတွေကို လမ်းဘေးစွန့်ပစ်ထားခဲ့တယ်လို့ ကျွန်းလှမြို့နယ် တက်ကြွလှုပ်ရှားသူများ အဖွဲ့က ဖော်ပြပါတယ်။

May be a close-up of 1 person and standing

သြဂုတ်(၂၆)ရက် မနက်ပိုင်းက ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး တောင်ဘက်မှာ လည်ပင်းပြတ်ရှ ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အသက်(၅၀)ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးရဲ့ အလောင်းနှင့် မြို့လည် ဘူတာရှေ့မှာ လူငယ်တစ်ဦးရဲ့ အလောင်းတွေကို မြို့ခံတွေ့က တွေ့ရှိခဲ့ပြီး သေဆုံးသူတွေဟာ ကျွန်းလှမြို့ သူဌေးကုန်းရပ်နေ မော်လဝီဆရာ ဆရာတွာစင်(မော်လဝီဆပ်) (၅၀-နှစ်)နှင့် သားဖြစ်သူမှာ ရာဇာထက်အောင် (၁၇-နှစ်)တို့ ဖြစ်တယ်လို့ ဆိုပါတယ်။

"အဖေက ကျန်းမာရေး မကောင်းဘူး။ မန္တလေးဆေးရုံ ဆင်းခဲ့တာလည်း မကြာသေးဘူး။ ကလေးက ကျောင်းတက်ပြီး တပါတ်တခါပဲ ပြန်လာတာကို PDF သင်တန်း တက်တယ်လို့ စွပ်စွဲပြီး ည(၁၀)နာရီလောက်မှာ လက်နက်ကိုင်(၇/၈)ယောက် ဝန်းကျင်လောက်က လာဖမ်းသွားတာ" လို့ သေဆုံးသူ မိသားစုနှင့် ဆွေမျိုးတော်စပ်သူ ဒေသခံတစ်ဦးက ပြောကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့က ဖော်ပြပါတယ်။

သေဆုံးသူ နှစ်ဦးအနက် သားဖြစ်သူဟာ ကန့်ဘလူမြို့နယ် ဆားကုန်း၊ ဆားကိုင်းရွာမှာ မော်လဝီ (၅)တန်း တက်ရောက်နေပြီး ကျွန်းလှမြို့ပေါ် တစ်ပါတ်တစ်ခါ ပြန်လာလေ့ ရှိကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများ အဖွဲ့က ဖော်ပြပြီး အဲ့ဒီ မော်လဝီဆရာ သားအဖ နှစ်ဦးကို စစ်ကောင်စီ လက်ပါးစေ ပျူစောထီးတွေက ဖမ်းဆီး သ-တ်-ဖြတ်လိုက်တာလို့ ဒေသခံတွေက ဆိုပါတယ်။

မုံရွာမြို့ အခြေစိုက် စစ်အုပ်စုရဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် - နမခ လက်အောက်ခံ တယ်လီဂရမ် ချန်နယ်တွေမှာတော့ မွတ်စ်လင်မ် သားအဖနှစ်ဦးကို PDF တွေက သ-တ်-ဖြတ်လိုက်တာလို့ သတင်းမှားဖြန့်ပြီး သွေးထိုးလှုံ့ဆော်တာတွေ လုပ်ဆောင်နေပါတယ်။

“ကျွန်းလှမြိုနယ်၊ သဌေးကုန်းကျေးရွာနေ သားအဖ နှစ်ဦးဖြစ်တဲ့ ဦးသိန်ဝင်း (မွတ်စလင်/အစ္စလာမ်)၊ သားဖြစ်သူ မောင်ရာဇာထက်အောင် (၁၇-နှစ်) (မွတ်စလင်/အစ္စလာမ်) တိုအား PDF များမှ နေအိမ်သို့ လာရောက်၍ ဖမ်းဆီး ခေါ်ဆောင်သွားပြီး ဓါးဖြင့် လှီးပြီး နှိပ်စက်ကာ ဦးခေါင်းအား သေနတ်ဖြင့် ပစ်၍ သ-တ်-ဖြတ်ကာ ရှမ်းစုကျေးရွာ အနီး ကျွန်းလှ - သဖမ်းဆိပ်သွား ကားလမ်းဘေးတွင် လာရောက် ပစ်ထားခဲ့ကြောင်း သိရှိရသည်” လို့ မုံရွာ နမခ လက်အောက်ခံ စစ်အုပ်စုက သတင်းဖြန့်ပါတယ်။

အဲ့ဒီ ဖြစ်စဉ်နှင့် ပတ်သက်ပြီး MFP အနေနဲ့ သီးခြား အတည်ပြုနိုင်တာ မရှိသေးပါဘူး။

စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ဇူလိုင်လ အတွင်းကလည်း ကန့်ဘလူမြို့နယ်ထဲက ကျီစုကျေးရွာထဲ စီးနင်းဝင်မွှေ သောင်းကျန်းခဲ့ပြီး အိမ်ခြေ (၃၀၀)ကျော် မီးရှို့ဖျက်ဆီးခဲ့သလို ဒေသခံပြည်သူ (၁၅)ဦးထက်မနည်းကို ဖမ်းဆီးနှိပ်စက် ကြိုးတုပ်ကာ မီးရှို့ သ-တ်-ဖြတ်ခဲ့ပါတယ်။ ကျီစုကျေးရွာဟာ အိမ်ခြေ (၁၀၀၀)ကျော် ရှိတဲ့ ရွာကြီးဖြစ်ပြီး အစ္စလာမ်ဘာသာဝင် အိမ်ခြေ(၈၀၀)ခန့်နှင့် ဗုဒ~ဓဘာသာဝင် အိမ်ခြေ(၃၀၀)ခန့် ရှိတဲ့အနက် စစ်အုပ်စုက အစ္စလာမ်ဘာသာဝင်တွေရဲ့ နေအိမ်တွေကို ရွေးပြီး မီးရှို့ခဲ့တာ ဖြစ်သလို အစ္စလာမ် ဘာသာဝင်တွေကို ရွေးပြီး သ-တ်-ဖြတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

စစ်အာဏာ သိမ်းပြီးနောက်ပိုင်း ကန့်ဘလူနှင့် ကျွန်းလှနယ်ထဲ စစ်အုပ်စု လက်ပါးစေ မဘသ ဘုန်းကြီး ဝါသ၀ ဆိုသူ ဦးဆောင်တဲ့ ပျူတွေ ကြီးစိုး သောင်းကျန်းနေပြီး စစ်အုပ်စုနှင့် ပျူတွေ ပူးပေါင်းကာ ဒေသတွင်း ရွာစဉ်ပတ်မွှေ လုယက်တာ၊ ဓားပြတိုက်၊ ဖမ်းဆီးငွေညှစ်တာ၊ လူသ-တ်တာတွေ ထင်တိုင်းကျဲ ကျူးလွန်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ကန့်ဘလူ #ကျွန်းလှ #ပျူ #သားအဖ #ပြည်သူ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ