မုံရွာ ဘိုးဘွားရိပ်သာအနီး မိုင်းထောင်နေချိန် စစ်အုပ်စုနှင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်၊ စကစတစ်ယောက် ခေါင်းထိမှန် သေဟုဆို၊

မုံရွာ ဘိုးဘွားရိပ်သာအနီး မိုင်းထောင်နေချိန် စစ်အုပ်စုနှင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်၊ စကစတစ်ယောက် ခေါင်းထိမှန် သေဟုဆို၊

MFP ၊ အောက်တိုဘာ - ၁၆

မုံရွာမြို့အဝင်၊ ဘိုးဘွားရိပ်သာ အဝိုင်းပတ်အနီး ဒီညနေပိုင်း စစ်ကားကို မိုင်းခွဲ တိုက်ခိုက်ဖို့ မိုင်းထောင်နေချိန် စစ်အုပ်စုနှင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စကစ တစ်ယောက် ခေါင်းထိမှန် သေဆုံးတယ်လို့ Golden Eagle Force- Monywa က သတင်း ထုတ်ပြန်ပါတယ်။

ဒီနေ့ အောက်တိုဘာ(၁၆)ရက် ညနေ(၃)နာရီခွဲကျော်က စစ်ကားတွေ လာမယ် သတင်းရလို့ မုံရွာမြို့အဝင် ဘိုးဘွားရိပ်သာ တောင်ဘက်အနီး မိုင်းထောင်နေချိန် စစ်အုပ်စုရောက်လာပြီး အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

"ခွေးကားများ လာမည့်သတင်းရ၍ မိုင်းထောင်နေချိန် စစ်ခွေးများနှင့် ထိပ်တိုက်တွေ့၍ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ခဲ့ပါသည်။ ထိုပစ်ခတ်မှု ဖြစ်စဉ်တွင် ခွေးတစ်ကောင် ခေါင်းထိမှန် သေဆုံးပြီး ခွေးကားပေါ် ဆွဲတင်သွားကြောင်း မျက်မြင်သက်သေများ၏ ပြောကြားချက်အရ သိခဲ့ရပါသည်။ စစ်ခွေးများ၏ လိုက်လံပစ်ခတ်မှုကြောင့် မိုင်းနှင့် အဝေးထိန်း ပစ္စည်းများ ဆုံးရှုံးခဲ့ရပါသည်။ လက်လုပ်မောင်းပြန်များနှင့်သာ ပြန်လည် ပစ်ခတ်ရသောကြောင့် အခက်အခဲများစွ ာရှိခဲ့သော်လည်း မိဘပြည်သူများ၏ ပို့သသော မေတ္တာကြောင့် ကျွန်ုပ်တို့ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါသည်" လို့ Golden Eagle Force- Monywa က ဖော်ပြပါတယ်။

ဖြစ်စဉ်နှင့် ပတ်သက်ပြီး အသေးစိတ် အခြေအနေတွေကိုတော့ MFP အနေနဲ့ မသိရသေးပါ။

ဒီညနေ (၄)နာရီကျော်အထိ မုံရွာမြို့ ဘိုးဘွားရိပ်သာ အဝိုင်းပတ် တောင်ဘက်မှာ စကစ အင်အား (၂ဝ)ကျော်နဲ့ လမ်းသွားလမ်းလာ ပြည်သူတွေကို ဖမ်းဆီးစစ်ဆေး ငွေညှစ်တာ၊ အော်ဟစ်ဆဲဆို ရန်ပြု သောင်းကျန်းနေတယ်လို့ မုံရွာမြို့နယ် သတင်းမှန် ပြန်ကြားရေးက ဖော်ပြပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မုံရွာ #မြို့အဝင်

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ