ဖုန်းနှင့် အင်တာနက် ဖြတ်တောက်ခံထားရတဲ့ စစ်ကိုင်းက ပြည်သူတွေကို လေကြောင်းရန် ကာကွယ်ရေး အသိပညာပေး၊

ဖုန်းနှင့် အင်တာနက် ဖြတ်တောက်ခံထားရတဲ့ စစ်ကိုင်းက ပြည်သူတွေကို လေကြောင်းရန် ကာကွယ်ရေး အသိပညာပေး၊

MFP ၊ အောက်တိုဘာ - ၃၁

Photo - YP

ဖုန်းနှင့် အင်တာနက် ဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်ခံထားရပြီး သတင်းအချက်အလက် အလုံအလောက် မရရှိဘဲ ဖြစ်နေတဲ့ စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် တပ်ရင်း(၁၈)နယ်မြေက ဒေသခံ ပြည်သူတွေကို ယမန်နေ့ အောက်တိုဘာ(၃၀)ရက်က ဒေသကာကွယ်ရေး တပ်ဖွဲ့နှင့် မြို့နယ် လူသားစာနာ တာဝန်ခံတို့ ပူးပေါင်းပြီး လေကြောင်းရန် ကာကွယ်ရေး အသိပညာပေး ဟောပြောပြီး လမ်းကမ်းစာစောင်တွေ ဝေငှပေးခဲ့တယ်လို့ သတင်း ရရှိပါတယ်။

စစ်အုပ်စုဟာ ၂၀၂၁ နှစ်ကုန်ပိုင်းကတည်းက စစ်ကိုင်းတိုင်းက မြို့နယ် အများအပြားကို ဖုန်းနှင့် အင်တာနက် ဖြတ်တောက်ထားပြီး လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေကာ လူသတ်၊ လုယက်၊ ဓားပြတိုက်၊ အိမ်မီးရှို့၊ ဖောက်ထွင်းခိုးယူ၊ ဖမ်းဆီးငွေညှစ်တာတွေ ထင်တိုင်းကျဲ ကျူးလွန်နေတာ ဖြစ်ပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #လေကြောင်းရန်ကာကွယ်ရေး #ပညာပေး 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ