ရေဦးနယ်ထဲ ရဟတ်ယာဉ်နဲ့ လာချပေးတဲ့ စကစတွေကို တိုက်ခိုက်ရာ စကစ (၁၀)ယောက် သေ၊

ရေဦးနယ်ထဲ ရဟတ်ယာဉ်နဲ့ လာချပေးတဲ့ စကစတွေကို တိုက်ခိုက်ရာ စကစ (၁၀)ယောက် သေ၊

ရေဦးနယ်ထဲ ရဟတ်ယာဉ်နဲ့ လာချပေးတဲ့ စကစတွေကို တိုက်ခိုက်ရာ စကစ (၁၀)ယောက် သေ၊

MFP၊ သြဂုတ် - ၁၂

စစ်ကိုင်းတိုင်း၊ ရေဦးနယ် ကုန်းသာတိုက်ပွဲအပြီး ရဟတ်ယာဉ်နဲ့ လာချပေးသွားတဲ့ အကြမ်းဖက် စစ်အုပ်စုကို ဒီကနေ့မနက် ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက အသင့်စောင့်ဆိုင်းပြီး မိုင်းဆွဲ တိုက်ခိုက်ခဲ့တဲ့အပြင် ပစ်ခတ်တိုက်ခိုက်တာတွေပါ လုပ်ဆောင်ခဲ့ရာ စကစ (၁၀)ယောက် သေတယ်လို ရွှေဘိုခရိုင် PDF တပ်ရင်း (၂၄)၊ FRF ဗိုလ်မုတ်ဆိတ်အဖွဲက သတင်း ထုတ်ပြန်ပါတယ်။

ဒီကနေ့ သြဂုတ်(၁၂)ရက် မနက်(၈)နာရီဝန်းကျင်က ရေဦးမြို့နယ် ချမ်းသာရွာထဲ ဝင်မွှေ ညအိပ်သောင်းကျန်းပြီး ကွမ်းအုံရွာဘက် ထွက်လာတဲ့ စစ်အုပ်စုကို ဗိုလ်မုတ်ဆိတ်အဖွဲ၊ ရွှေဘိုခရိုင်တပ်ရင်း (၂၄) FRF တပ်ဖွဲ၊ DRPA၊ ရွှေဘိုခရိုင်တပ်ရင်း(၉)၊‌ ရွှေဘိုခရိုင် တပ်ရင်း(၁၁)နှင့် ဒေသကာကွယ်ရေး မဟာမိတ်ပူးပေါင်းတပ်တွေက ပဒေသာမိုင်း နှစ်လုံးနဲ့ မိုင်းဆွဲပြီး ပစ်ခတ် တိုက်ခိုက်ခဲ့တာလို ဆိုပါတယ်။

"စစချင်း သူတို(စကစ) မိုင်းကွင်းထဲ ဝင်လာတဲ့အချိန် ရှေ့ထွက်နှစ်လုံးနဲ့ အရင်ဆွဲလိုက်ပြီး ပြောက်ကျား တိုက်ခိုက်တာပေါ့။ သိတဲ့အတိုင်း သူတိုက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်ပစ်တော့ ကျနော်တို ယှဉ် မပစ်နိုင်ဘူးလေ။ အဲတော့ ပစ်ဆုတ် ဆုတ်ခဲ့ရတယ်"လို FRF ရဲ ဘော်တစ်ဦးက MFP ကို ပြောပါတယ်။

ကွမ်းအုံရွာနားအရောက် မိုင်းကွင်းထဲဝင်လာချိန် ဖောက်ခွဲတိုက်ခိုက်ရာမှာ စကစ ခုနှစ်ယောက်ထက်မနည်း မိုင်းထိမှန် လွင့်စင်သွားပြီး ခုခံ ပစ်ခတ်မှုအတွင်း စကစ သုံးယောက်ကို ထပ်မံပစ်ခတ် ရှင်းလင်းနိင်ခဲ့တာကြောင့် စုစုပေါင်း စကစ (၁၀)ယောက် သေဆုံးသွားတယ်လို FRF က ဆိုပါတယ်။

မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်မှုအပြီး အကြမ်းဖက်စစ်အုပ်စုက ပြန်လည်ပစ်ခတ်ရာမှာ တော်လှန်ရေး တပ်ဖွဲတွေထဲက ရဲဘော်နှစ်ဦး မျက်နှာနှင့် ပုခုံးမှာ ကျည်ရှပ်ထိ ဒဏ်ရာရခဲ့ပြီး အခြေအနေ မစိုးရိမ်ရဘူးလို MFP ကို ပြောပါတယ်။

ဒီမနက် တိုက်ခိုက်ခံရတဲ့ အဲ့ဒီ စစ်အုပ်စုဟာ သြဂုတ် (၁၀)ရက်က ကုန်းသာတိုက်ပွဲအပြီး ရဟတ်ယာဉ်နှစ်စင်းနဲ့ လာချပေးသွားတဲ့ အင်အား (၁၀၀)ခန့်ပါ စစ်အုပ်စုထဲက ဖြစ်ပြီး လက်ရှိမှာတော့ မသေသေးတဲ့ စစ်ကောင်စီ အကြမ်းဖက်သမားတွေ ကွမ်းအုံရွာထဲ ဝင်မွှေသောင်းကျန်းနေပြီး နေအိမ်တွေကို မီးရှိဖျက်ဆီး နေတယ်လို ဒေသကာကွယ်ရေး တပ်တွေက ဆိုပါတယ်။

သြဂုတ်(၁၀)ရက် မနက်ပိုင်းကလည်း ရေဦးမြို့ပေါ်ကနေ ကုန်းသာရွာဘက် ကားနှစ်စီးလာတဲ့ အင်အား (၅၀)ခန့်ပါ စစ်အုပ်စုကို ရေဦးနှင့် ဒီပဲယင်းဒေသ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာမှာ စကစ (၃၀)လောက် သေပြီး လက်နက် (၂၅)လက် သိမ်းပိုက် ရရှိခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်တွေက MFP ကို ပြောပါတယ်။ အဲ့ဒီနောက် စစ်အုပ်စုက အထက်ပါ စကစ (၁၀၀)လောက်ကို ရဟတ်ယာဉ်နဲ့ လာချပေးသွားတာ ဖြစ်ပါတယ်။

ရေဦးနယ် FRF တပ်ဖွဲနှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဝင် ရဲဘော်တွေ/Photo - ဗိုလ်မုတ်ဆိတ်

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ရေဦး #တိုက်ပွဲ #ဗိုလ်မုတ်ဆိတ် #ပကဖ #PDF #FRF

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ