ကန့်ဘလူ ကိုးတောင်ဘို့မှာ စစ်အုပ်စုက (၅)နှစ်အရွယ် ကလေးတစ်ဦးကို ပစ်သ-တ်၊

ကန့်ဘလူ ကိုးတောင်ဘို့မှာ စစ်အုပ်စုက (၅)နှစ်အရွယ် ကလေးတစ်ဦးကို ပစ်သ-တ်၊

MFP၊ စက်တင်ဘာ - ၁၇

စစ်ကိုင်းတိုင်း ကန့်ဘလူမြိုနယ် ကိုးတောင်ဘိုတိုက်နယ်ထဲ ရွာစဉ်ပတ်မွှေ အကြမ်းဖက် သောင်းကျန်းနေတဲ့ စစ်အုပ်စုဟာ ဒီမနက်ပိုင်း ဒေသခံပြည်သူတွေကို လိုက်လံပစ်ခတ်ရင်း အသက်(၅)နှစ်အရွယ် ကလေးတစ်ဦးကို ပစ်သ-တ်သွားတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ဒီကနေ့ စက်တင်ဘာ(၁၇)ရက် မနက်(၉)နာရီက ကိုးတောင်ဘို့တိုက်နယ် ချပ်ကုန်းရွာမှာ ညအိပ်ပြီး ထွက်လာတဲ့ စစ်အုပ်စုဟာ ချပ်ကုန်းနှင့် မိဿလင်ကုန်းရွာကြားမှာ မဲမဲမြင်ရာ ပြည်သူတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းကားပစ်ခတ်လို့ ဒေသခံတွေ ထွက်ပြေးရာက ကလေးငယ်တစ်ဦး ကျည်ထိမှန် သေဆုံးတာလို ဆိုပါတယ်။

သေဆုံးတဲ့ ကလေးငယ်ဟာ ချပ်ကုန်းရွာက ကိုဝင်းချိုရဲ့ (၅)နှစ်အရွယ် သားငယ် မောင်အောင်မြင့်မြတ် ဖြစ်ပြီး စစ်အုပ်စုက အဝေးကနေ ပစ်ခတ်မှုကြောင့် ကလေးငယ် ကျည်ထိမှန်ပြီး သေဆုံးသွားတာလို့ ကိုးတောင်ဘို့ တော်လှန်ရေးအဖွဲ့ - KTB-R အဖွဲ့ဝင် တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောပါတယ်။

"ချပ်ကုန်းနဲ့ မိဿလင်ကုန်း ကြားက ပန်းကန်ကွဲကုန်းကနေ လက်နက်ကြီး၊ လက်နက်ငယ်များနဲ့ အကြိမ်ရေ များစွာ ရမ်းသမ်းပစ်ခတ်ခဲ့လို့ ကိုဝင်းချိုရဲ့သား မောင်အောင်မြင့်မြတ် သေဆုံးသွားခဲ့ပါတယ်ဗျ။ သူတို့က စစ်ခွေးတွေ မိဿလင်ကုန်းဘက် ပြန်လာလို့ ပြေးရာကနေ ထိမှန်တာပါ" လို့ KTB-R ရဲဘော်က ရှင်းပြပါတယ်။

အနီးဝန်းကျင် ရွာတွေကို ထင်တိုင်းကျဲ ဝင်မွှေ လုယက် သောင်းကျန်းပြီးနောက် လက်ရှိမှာ စစ်အုပ်စုက ကိုးတောင်ဘို့ရွာထဲ ပြန်ဝင်သွားပြီလို့ ဒေသခံတွေက ဆိုပါတယ်။

ကန့်ဘလူမြိုနယ် မြောက်ခြမ်း၊ ကိုးတောင်ဘို့ တိုက်နယ်ထဲ ရွာစဉ်ပတ်မွှေပြီး ပြည်သူကို ရန်ပြု သောင်းကျန်း အကြမ်းဖက် သ-တ်-ဖြတ်နေတဲ့ စစ်အုပ်စုဟာ စက်တင်ဘာ (၁၅)ရက်ကလည်း စစ်ပြေးပြည်သူတွေကို လိုက်လံ ပစ်ခတ်ခဲ့ရာ မိဿလင်ကုန်းရွာက အသက်(၇၅)နှစ်အရွယ် ဦးကြယ်နီ၊ အသက်(၁၃)နှစ်အရွယ် မောင်ကျော်ဟိန်းနှင့် ချပ်ကုန်းရွာက လသားအရွယ် ကလေးငယ်တစ်ဦး ကျည်ထိမှန် ဒဏ်ရာရခဲ့ပါသေးတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ကန့်ဘလူ #ကိုးတောင်ဘို့ #ချပ်ကုန်း #မိဿလင်ကုန်း 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ