ရေစကြို ပကဖ သင်တန်းစခန်း စီးနင်းဖျက်ဆီးခံရပြီး ကျပ်သိန်း(၅၀၀)ဖိုး ဆုံးရှုံး၊ ရဲဘော်တွေ ဘေးကင်း၊

ရေစကြို ပကဖ သင်တန်းစခန်း စီးနင်းဖျက်ဆီးခံရပြီး ကျပ်သိန်း(၅၀၀)ဖိုး ဆုံးရှုံး၊ ရဲဘော်တွေ ဘေးကင်း၊

MFP ၊ စက်တင်ဘာ - ၁၇

မကွေးတိုင်း ရေစကြိုမြို့နယ် အခြေပြု ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ - ရေစကြိုမြို့နယ် (ပ.က.ဖ)ရဲ့ သင်တန်းစခန်းတစ်ခု စစ်အုပ်စုရဲ့ စီးနင်းဖျက်ဆီးတာ ခ့ခဲ့ရပြီး ကျပ်သိန်း(၅၀၀)ဖိုး ဆုံးရှုံးခဲ့တယ်လို့ ရေစကြို ပကဖ က ဒီနေ့ သတင်း ထုတ်ပြန်ပါတယ်။

“ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ရေစကြိုမြို့နယ် (ပ.က.ဖ) ၏ သင်တန်းပေးလျက်ရှိသော သင်တန်းစခန်းအား စကစ စစ်ကြောင်းမှ ဝင်ရောက်စီးနင်း မီးရှို့ခံရ။ တန်ဖိုး ( ၅၀၀) သိန်းခန့် ဆုံးရှုံးနစ်နာခဲ့သော်လည်း ရဲဘော်နှင့် သင်တန်းသားများ အထိအခိုက်မရှိ ဆုတ်ခွဲနိုင်ခဲ့ပါသည်” လို့ ရေစကြို ပကဖ က ဖော်ပြပါတယ်။

စခန်း တည်နေရာနဲ့ ဖျက်ဆီးခံရတဲ့ နေရက်ကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။

စစ်အုပ်စုဟာ ရေလည်ကျွန်းဒေသ အပါအဝင် ရေစကြိုနယ် ကျေးရွာတွေထဲ အင်အား (၅၀၀)လောက်နဲ့ အဖွဲ့ တွေခွဲကာ ရွာစဉ်ပတ်မွှေ လုယက် သောင်းကျန်း အကြမ်းဖက်နေတာ ဖြစ်ပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မကွေး #ရေစကြို #ပကဖ #သင်တန်းစခန်း

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ