မြင်းမူနယ်မှာ စစ်အုပ်စုရဲ့ ပျူ သုံးယောက်ကို ရှင်းလင်း၊ သေနတ်တစ်လက် ရရှိဟုဆို၊

မြင်းမူနယ်မှာ စစ်အုပ်စုရဲ့ ပျူ သုံးယောက်ကို ရှင်းလင်း၊ သေနတ်တစ်လက် ရရှိဟုဆို၊

MFP ၊ စက်တင်ဘာ - ၂

စစ်ကိုင်းတိုင်း မြင်းမူနယ်ထဲ စစ်အုပ်စုနှင့် ပေါင်းကာ ပြည်သူတွေကို အနိုင်ကျင့် ရန်ပြုနေတဲ့ ပျူအဖွဲ့ဝင် သုံးယောက်ကို ဒီနေ့ စက်တင်ဘာ(၂)ရက် မနက်ပိုင်းမှာ ဖမ်းဆီး ရှင်းလင်းခဲ့တယ်လို့ မြင်းမူဒေသ ပြောက်ကျားတပ်ဖွဲ့တွေက သတင်း ထုတ်ပြန်ပါတယ်။

“မဟာမိတ်ညီနောင်များနှင့် ပူးပေါင်း၍ မြင်းမူတဝိုက်မှာ အကြမ်းဖက်စ စစ်တပ်နဲ့ပေါင်းပြီး ပြည်သူလူထု၏ အသက်အိုးအိမ်ကို ဖျက်ဆီးနေသော ပျူစောထီး သုံးကောင်အား ဝင်ရောက်ရှင်းလင်း။ ၎င်းတို့ထံမှ လက်လုပ် သေနက်တစ်လက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ” လို့ Nway Oo Takhon PDF က ဖော်ပြပါတယ်။

ဖမ်းဆီး ရှင်းလင်းလိုက်တဲ့ ပျူတွေဟာ အမျိုးသားတွေ ဖြစ်ပြီး လေးယောက်မှာ တစ်ဦးက လွတ်မြောက်သွားပြီး သုံးယောက်ကိုသာ ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။ အဲ့ဒီ ပျူတွေဟာ မြင်းမူနှင့် ဧရာဝတီမြစ် တဖက်ကမ်းက ငါန်းဇွန်နယ်ထဲက ပျူတွေနှင့် ချိတ်ဆက် လှုပ်ရှားနေတာလို့လည်း ဆိုပါတယ်။

သေဆုံးတဲ့ ပျူသုံးယောက်နှင့် ပတ်သက်ပြီး အသေးစိတ် အခြေအနေတွေကိုတော့ မဖော်ပြထားပါဘူး။ မဟာမိတ် သုံးဖွဲ့ ပေါင်းပြီး ရှင်းလင်းခဲ့တာလို့ Nway Oo Takhon PDF က ဆိုပါတယ်။

မြင်းမူနယ် အပါအဝင် စစ်ကိုင်းတိုင်းထဲမှာ စစ်အုပ်စုက ပျူစောထီးတွေကို လက်သပ်မွေးပြီး လက်နက် တပ်ဆင်ပေးကာ ဒေသခံပြည်သူတွေအပေါ် အကြမ်းဖက်ရာမှာ ပြန်လည် အသုံးချနေတယ်လို့ ကိုယ်တိုင် ကြုံရသူတွေက ပြောပါတယ်။ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေကလည်း စစ်အုပ်စုနှင့် ဆက်စပ်သူတွေ၊ စစ်အုပ်စုနှင့် ပေါင်းပြီး သောင်းကျန်းနေတဲ့ ပျူတွေကို ပစ်မှတ်ထား တိုက်ခိုက်နေပါတယ်။

မြင်းမူနယ်ထဲ စစ်အုပ်စုနှင့် ပေါင်းပြီး သောင်းကျန်းနေတဲ့ ပျူသုံးယောက်ကို ရှင်းလင်းရာက သိမ်းဆည်းရရှိခဲ့တဲ့ သေနတ်/Photo – S

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မြင်းမူ 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ