MFP ၊ စက်တင်ဘာ - ၈
မန္တလေးတိုင်း မြင်းခြံမြို့နယ် ကျောက်တန်းကျေးရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး သတင်းပေး စိန်သောင်းကို ဒီနေ့ မွန်းလွဲပိုင်းမှာ ပစ်ခတ် ရှင်းလင်းခဲ့တယ်လို့ Myingyan Black Tiger (MBT) က သတင်း ထုတ်ပြန်ပါတယ်။
အကြိမ်ကြိမ် သတိပေးထားတဲ့ကြားက စစ်အုပ်စုနဲ့ ပေါင်းပြီး CDM ဝန်ထမ်းတွေကို ခြိမ်းခြောက်တာတွေ လုပ်နေတဲ့အတွက် ဒီနေ့ စက်တင်ဘာ (၈)ရက် မွန်းလွဲ (၁) နာရီခွဲမှာ ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။
အဲဒီ တိုက်ခိုက်မှုကို Myingyan Black Tiger (MBT) နဲ့အတူ မဟာမိတ်တွေဖြစ်တဲ့ Natogyi Reginal Defence Force၊ THE VALUE OF YOUNG MEN၊ မြေလတ် -PDF၊ TTA - ပြောက်ကျားတပ် (တောင်သာ)၊ Seven People Defence Force နဲ့ Scorpions People Defence Force တို့ ပူးပေါင်း လုပ်ဆောင်တာလို့ ဖော်ပြထားပါတယ်။
#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မြင်းခြံ #အုပ်ချုပ်ရေးမှူး