စစ်ကိုင်းမှာ အိမ်မီးရှို့ခံရသူတွေကို NUG က ထောက်ပံ့ငွေ ပေးအပ်ရာ ပြည်သူတွေက တော်လှန်ရေးအတွက် ပြန်လှူ၊

စစ်ကိုင်းမှာ အိမ်မီးရှို့ခံရသူတွေကို NUG က ထောက်ပံ့ငွေ ပေးအပ်ရာ ပြည်သူတွေက တော်လှန်ရေးအတွက် ပြန်လှူ၊

MFP ၊ စက်တင်ဘာ - ၂၄

စစ်ကိုင်းမြို့နယ်ထဲ စစ်အုပ်စု ဝင်မွှေလုယက် မီးရှို့လို့ နေအိမ် မီးလောင်ပြာကျ သွားသူတွေနှင့် စစ်အုပ်စုရန်ကြောင့် ထွက်ပြေးနေရတဲ့ ဒေသခံပြည်သူတွေကို အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)က အလှူငွေ ကျပ်(၁၅)သိန်း ထောက်ပံ့ပေးရာ ဒေသခ့တွေက ရရှိတဲ့ အလှူငွေကို နွေဦးတော်လှန်ရေးအတွက် အသုံပြုရန် မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ ထံ ပြန်လည် လှူဒါန်းခဲ့တယ်လို့ သတင်း ရရှိပါတယ်။

NUG ၏ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက ပြည်သူမှ ပြည်သူသို့ အလှူငွေ အစီအစသ်အဖြစ် စစ်ကိုင်းမြို့နယ်ထဲက နေအိမ်မီးရှို့ခံရသူနှင့် စစ်ပြေးပြည်သူတွေကို အလှူငွေ (၁၅)သိန်းကျပ် ထောက်ပံ့ပေးခဲ့ရာ ပြည်သူတွေက အထက်ပါအတိုင်း ပကဖ ထံ ပြန်လှူတာ ဖြစ်တယ်လို့ NUG ရဲ့ လူသားချင်း စာနာထောက်ပံ့ရေး (MOHADM) စစ်ကိုင်းမြို့နယ် တာဝန်ခံက ပြောပါတယ်။

“တချို့က လုံးဝမယူဘဲ ပကဖ ကို ပြန်လှူတာ။ တချို့ကတော့ တချို့တဝက် ပြန်လှူကြတယ်။ သူတို့ စိတ်က ရှင်းပါတယ်။ တော်လှန်ရေး အောင်ဖို့ပဲ။ မီးရှို့ခံရလည်း ဆက်တော်လှန်နေရုံပေါ့” လို့ စစ်ကိုင်းမြို့နယ် MOHADM တာဝန်ခံက MFP ကို ပြောပါတယ်။

NUG က အိမ်မီးရှို့ခံရတဲ့ ရွာတွေအတွက် တစ်ရွာ (၁၅)သိန်းနှုန်း ထောက်ပံ့ပေးပြီး စစ်ကိုင်း ထောက်ပံ့ရေးအဖွဲ့က ပြင်ပ အလှူရှင်ရှာကာ မီးရှို့ခံရတဲ့ အိမ်တွေအတွက် တစ်အိမ် ကျပ်သုံးသာင်းနူန်း ထောက်ပံ့ပေးတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုဟာ ပြီးခဲ့တဲ့လအတွင်း စစ်ကိုင်းမြို့နယ် တောင်မြို့နှင့် တောင်ကြားရွာတွေကို ဝင်မွှေလုယက်ပြီး တောင်ကြားရွာက ဒေသခံ တစ်ဦးကို သတ်-ဖြတ်ခဲ့သလို တစ်ရွာလုံးကို မီးတိုက်ခဲ့ရာ နေအိမ် အလုံး (၁၃၀)ခန့် မီးလောင်ခဲ့ပြီး အဲ့ဒီအထဲက အိမ် (၄၁၀လုံး ပြာကျခဲ့ပါတယ်။ တောင်ကြားရွာဟာ အိမ်ခြေ(၂၅၀)ကျော် ရှိတဲ့ ရွာဖြစ်ပြီး အိမ်ပြာကျသွားသူတွေဟာ ယာခင်းတေါထဲ တဲထိုးနေထိုင်နေကြတယ်လို့ ဆိုပါတယ်။

NUG က ပေးအပ်တဲ့ ထောက်ပံ့ငွေကို တော်လှန်ရေးအတွက် ပြန်လည် လှူဒါန်းနေကြတဲ့ စစ်ကိုင်းမြို့နယ်က အိမ်မီးရှို့ခံရတဲ့ ပြည်သူများ/Photo – CJ

#MFP #MandalayFreePress #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အိမ်

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ