ဖက်ဆစ်တပ်သားတွေ အရှင်ဖမ်းမိထားတယ်လို့ စစ်ကိုင်းခရိုင် PDF တပ်ရင်း(၃)က ထုတ်ပြန်၊

ဖက်ဆစ်တပ်သားတွေ အရှင်ဖမ်းမိထားတယ်လို့ စစ်ကိုင်းခရိုင် PDF တပ်ရင်း(၃)က ထုတ်ပြန်၊

MFP ၊ သြဂုတ် - ၂၀

ပြည်သူ့ကာကွယ်ရေး တပ်မတော် - စစ်ကိုင်းခရိုင် တပ်ရင်း(၃)က ဖက်ဆစ်တပ်သားတွေ အရှင် ဖမ်းမိထားပြီး ဖက်ဆစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မှတ်တမ်းတင် ထိန်းသိမ်းထားတယ်လို့ စစ်ကိုင်းခရိုင် တပ်ရင်း(၃)က သတင်း ထုတ်ပြန်ပါတယ်။

အချိန်၊ နေရာနဲ့ ဖမ်းမိတဲ့ ဖက်ဆစ်တပ်သား အရေအတွက်ကိုတော့ မဖော်ပြထားပါဘူး။

“စစ်ကိုင်းခရိုင်ရင်း(၃)၏ လူပ်ရှားဒေသတစ်ခုတွင် အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းမှ စစ်ကောင်စီ တပ်သားတချို့ကို ဒေသခံ ပကဖများနှင့်အတူ ဖမ်းဆီးရရှိခဲ့ပါသည်။ အဆိုပါ ဖမ်းဆီးရမိသော စစ်ကောင်စီ တပ်သားများအား ဘေးကင်းရာသို့ ပို့ဆောင်ခဲ့ပြီး ၎င်းတို့ ကျူးလွန်ခဲ့သော လူအခွင့်အရေး ချိုးဖောက်မှုများအား မှတ်တမ်းတင် ထိန်းသိမ်းထားနိုင်ခဲ့ပါသည်။ အသေးစိတ် အချက်အလက်များကိုတော့ နယ်မြေလုံခြုံရေး အခြေအနေရ ဖော်ပြနိုင်ခြင်း မရှိသေးပါ” လို့ စစ်ကိုင်းခရိုင် တပ်ရင်း(၃)က ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဂန့်ဂေါနယ်မှာ PDF တွေက ဖက်ဆစ်တပ်သား တစ်ယောက် အရှင် ဖမ်းမိခဲ့သလို မနေ့က ကရင်ပြည်နယ် မြဝတီဘက် ဖြစ်ပွားတဲ့ တိုက်ပွဲမှာလည်း KNLA နဲ့ ဒေသကာကွယ်ရေး တပ်တွေက ဖက်ဆစ်တပ်သား နှစ်ယောက် အရှင်ဖမ်းမိခဲ့ပါသေးတယ်။

ဖက်ဆစ်တပ်ဘက်ကတော့ ဖမ်းမိတဲ့ PDF ရဲဘော်တွေကို နေရာမှာတင် ညှဉ်းပန်းနှိပ်စက် သ-တ်ဖြတ်တာ၊ တချို့ကို စစ်ကြေးရေးမှာ ညှဉ်းပန်းသ-တ်-ဖြတ်တာနဲ့ တချို့ကိုတော့ စခန်းလိုက်ပြခိုင်းပြီး စခန်းအရောက်မှာ သ-တ်-ဖြတ်တာမျိုးတွေ ကျူးလွန်နေပါတယ်။

စစ်ကိုင်းခရိုင် PDF တပ်ရင်း(၃) ရဲဘော်တချို့/Photo – CJ

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မုံရွာ #စစ်ကိုင်းခရိုင် #ဖမ်းမိ #PDF

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ