မြင်းမူမြို့နယ် ထွေအုပ်ရုံး ဗုံးထု တိုက်ခိုက်ခံရ၊ အထိအခိုက် ရှိနိုင်ဟုဆို၊

မြင်းမူမြို့နယ် ထွေအုပ်ရုံး ဗုံးထု တိုက်ခိုက်ခံရ၊ အထိအခိုက် ရှိနိုင်ဟုဆို၊

MFP ၊ သြဂုတ် - ၂၆

စစ်ကိုင်းတိုင်း မြင်းမူမြို့ပေါ်က မြို့နယ်ထွေအုပ်ရုံး ဒီမနက်ပိုင်း ဒရုန်းနဲ့ ဗုံးထုခံရကာ အထိအခိုက် ရှိနိုင်ပြီး ဖက်ဆစ်တပ်က ရမ်းကားပစ်ခတ် သောင်းကျန်းနေတယ်လို့ မြင်းမူမြို့နယ် သတင်းမှန် ပြန်ကြားရေးက ဖော်ပြပါတယ်။

ဒီနေ့ သြဂုတ်(၂၆)ရက် မနက်(၁၁)နာရီခွဲကျော်မှာ မြင်းမူမြို့နယ် ထွေအုပ်ရုံး ဒရုန်းနဲ့ နှစ်ကြိမ် ဗုံးထုခံရတာလို့ ဆိုပါတယ်။

“Drone ဖြင့် အညာထန်းသီး နှစ်လုံး ခြွေချ တိုက်ခိုက်ခံခဲ့ရပြီး အထက ကျောင်းအတွင်းရှိ ခွေးများမှ သေနတ်များ ပစ်ဖောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။ ဤဖြစ်စဉ်အပြီးတွင် လူနာတင်ယာဉ်တစ်စီး ထွေအုပ်ရုံးထဲသို့ ဝင်ရောက် သွားခဲ့ကြောင်း မျက်မြင် တွေ့ရှိသူများမှ ပြောကြားခဲ့ပြီး မည်သည့်အဖွဲ့၏ လုပ်ဆောင်ချက် ဖြစ်ကြောင်းကိုမူ သိရသေးခြင်း မရှိသေးပါခဗျား” လို့ မြင်းမူမြို့နယ် သတင်းမှန်ပြန်ကြားရေးက ဖော်ပြပါတယ်။

ဖက်ဆစ်တပ်ဟာ မြင်းမူမြို့ရှောင်လမ်းနှင့် မြင်းမူမြို့ထဲ ပြည်သူကို ဖမ်းဆီးငွေညှစ်တာ၊ လက်နက်ပြ ဆက်ကြေး တောင်းတာတွေ နေ့စဉ်လုပ်ဆောင်နေပြီး စိတ်ထင်တိုင်း ပစ်ခတ်သ-တ်-ဖြတ်တာ တွေလည်း ကျူးလွန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မြင်းမူ #ထွေအုပ်ရုံး #ဗုံး 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ